DVB Logo
Home
မြန်မာသတင်း
ကချင်ဆရာမ ၂ ဦး၏အမှု ဖော်ထုတ်အရေးယူရန် သမ္မတထံ တောင်းဆို
DVB
·
June 16, 2016
ကချင်ဆရာမ ၂ ဦး၏အမှု ဖော်ထုတ်အရေးယူရန် သမ္မတထံ တောင်းဆို
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းမှာ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ ယောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူကို ထိထိရောက်ရောက်အရေးယူ ဖို့ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် KBC က နိုင်ငံတော်သမ္မတဆီကို တင်ပြ တောင်းဆိုခဲ့ ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်က ဒုတိယသမ္မတ ၂ ဦး၊ နိုင်ငံခြားရေးနဲ့ သမ္မတရုံးဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ သာသနာရေးနဲ့ယဉ်ကျေးမှု ၀န်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာန၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကောင်စီနဲ့ သက်ဆိုင်ရာ စစ်တိုင်းတွေကိုပါ ဇွန် ၁ ရက်နေ့စွဲနဲ့ မိတ္တူပေးပို့ခဲ့ပါတယ်။

စာပေးပို့တောင်းဆိုတာနဲ့ပတ်သက်လို့  ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် ပြောခွင့်ရသူ ဦးလမာယော်က “အရင်သမ္မတတုန်းက ကျနော်တို့ စာတင်ထားတာ ကျနော်တို့အကြောင်းလည်း သိပြီ။ ဒါပေမယ့် အခုသမ္မတအသစ် ဦးထင်ကျော်လက်ထက်မှာကျတော့ ဒီအကြောင်းတွေက လည်း သိပ်မသိသေးဘူး။ အဲဒါကြောင့်မို့လို့ အခုဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကလည်းပဲ ကျနော်တို့ ဖြေရှင်းနိုင်မယ့် အခြေအနေမရှိဘူး။ အားလုံးရဲ့စိတ်တိုင်းကျလည်း မဖြစ်နေတဲ့ အခါကျတော့ အဲဒါကို သမ္မတကြီး ကိုင်တွယ်ဖြေရှင်းပေးဖို့ရာအတွက် တောင်းဆိုခြင်း ဖြစ်တယ်” လို့ ပြောပါတယ်။

စာမှာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်က စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ ဦးဟာ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့နယ် ကောင်းခါးရွာမှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့ညက အဓမ္မပြုကျင့်ပြီး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီအမှုဟာ  တနှစ်ကျော်ကြာတဲ့အထိ မဖော်ထုတ်နိုင်တာကြောင့် အခုလို စာရေးတောင်းဆိုရ တာဖြစ်တယ်လို့လည်း ပေးပို့ထားတဲ့စာမှာ ဖော်ပြထားပါတယ်။

လူ ၁၂၀ ခန့်ရှိတဲ့ ကျေးရွာမှာ တပ်မတော်စစ်ကြောင်းများ ရောက်ရှိခဲ့တဲ့ညမှာ ဖြစ်ပွား ခဲ့တာကြောင့် စစ်သားတွေ ကျူးလွန်သည်ဖြစ်စေ၊ အရပ်သားတွေကျူးလွန်သည်ဖြစ်စေ အမှုကို မှန်ကုန်စွာဖော်ထုတ်နိုင်တဲ့အဖွဲ့အစည်းဟာ ညအိပ်ရပ်နားတဲ့ အဆိုပါ ၅၀၃ ခမရ စစ်ကြောင်းရဲ့ စစ်ကြောင်းမှူးသာဖြစ်တယ်လို့ ဆိုပါတယ်။

မေလလယ်က ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရုံးမှာတွေ့ဆုံစဉ်မှာ အဆိုပါစစ်ကြောင်းမှူးနဲ့ တပ်မတော်သားတွေကို တိုက်ရိုက်မေးမြန်းနိုင်ဖို့အတွက် ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေး ၀န်ကြီးတို့ရဲ့ ခွင့်ပြုချက်ရဖို့လိုတယ်လို့ ပြောတာကြောင့် အဆိုပါဝန်ကြီးတွေကို ဇူလိုင် ၉ ရက်နေ့မှာ တင်ပြထားကြောင်း ဖော်ပြပါတယ်။

ကေဘီစီဟာ ဘာသာရေးအဖွဲ့အစည်းတခုအနေနဲ့ မည်သည့်အဖွဲ့အစည်ကိုမှ စွပ်စွဲခြင်း မဟုတ်ဘဲ ကျူးလွန်သူတွေကိုသာ ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်ပေးစေလို ကြောင်းနဲ့ သမ္မတအနေနဲ့ မြန်မာပြည်တွင်း တရားဥပဒေစိုးမိုးရေးနှင့် အမှန်တရားကို ဖော်ထုတ်နိုင်ရေးအတွက် လိုအပ်တဲ့ ညွန်ကြားမှုတွေ ပြုနိုင်ဖို့ တောင်းဆိုတာဖြစ်တယ်လို့ စာမှာပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013