DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ၀န်ကြီးနှင့် နယ်စပ်အရေး ဆွေးနွေး
DVB
·
June 16, 2016
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ၀န်ကြီးနှင့် နယ်စပ်အရေး ဆွေးနွေး
Donate to DVB

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန် ၁၆ ရက် မွန်းလွဲပိုင်းက  အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ၀န်ကြီးချုပ်ရုံးဝန်ကြီး အာဂျစ်ဒိုဗလ်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်ရေးရာတွေကို အထူးပြု ဆွေးနွေးခဲ့ကြ ပါတယ်။

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး နယ်စပ်ရေးရာ ကိစ္စရပ်တွေ အပြင် နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်ရေးအတွက် အိန္ဒိယနိုင်ငံက ဆောက်လုပ်နေတဲ့ ဆက်သွယ်ရေးလမ်းများ ရေရှည်အကျိုးဖြစ်ထွန်းရေး၊ နယ်စပ်ရဲတပ်ဖွဲ့များအတွက် အိမ်ရာ ဆောက်လုပ်ပေးရေးကိစ္စများ အပါအ၀င် ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံမှ ပဲအမျိုးမျိုး တင်ပို့ ရောင်းချရေး၊ လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးရုံးက သတင်းထုတ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ အိန္ဒိယအမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013