DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ်ဆေးရုံအုပ်ကြီးက အထက်တန်းသူနာပြုအား ပါးရိုက်၊ မကျေနပ်၍ တိုင်ချက်ဖွင့်
DVB
·
June 16, 2016
ပုလဲမြို့နယ်ဆေးရုံအုပ်ကြီးက အထက်တန်းသူနာပြုအား ပါးရိုက်၊ မကျေနပ်၍ တိုင်ချက်ဖွင့်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ၂၅ ခုတင်ဆံ့ပြည်သူ့ဆေးရုံကြီးမှာ မြို့နယ်ဆေးရုံအုပ်ကြီးက အထက်တန်းသူနာပြု ၁ ဦးကို ဆေးရုံဝန်ထမ်းတွေရှေ့မှာ ဇွန်လ ၁၅ ရက်နေ့က ပါးရိုက်ခဲ့တာကို မကျေနပ်တဲ့အတွက် တိုင်ချက်ဖွင့်လိုက်ပါတယ်။

ဖြစ်စဉ်မှာ ပုလဲဆေးရုံအုပ်ကြီးဒေါက်တာကြည်ဝင်းမှ ဆေးရုံဝန်ထမ်းများအား အစည်းဝေးခေါ်ယူ ရာမှာ ရုံခန်းတွင်းမှာမပြုလုပ်ဘဲ မိမိရဲ့ နေအိမ်မှာပဲပြုလုပ်ဖို့ ပြောကြားရာမှာ ဆေးရုံဝန်ထမ်း တွေက ရုံးခန်းမှာပဲ ပြုလုပ်ဖို့အကြံပေးရာ အထက်တန်းသူနာပြု ဒေါ်သန္တာဦးက ထိုအကြံကို ၀င်ရောက်ထောက်ခံပြောဆိုနေစဉ်မှာ အခုလို ရုတ်တရက်ပါးရိုက်ခံရတယ်လို့ သိရပါတယ်။

ပြီးနောက် စကားတစ်ခွန်းမှ မပြောပဲ သူနာပြုကို ပါးရိုက်ပြီး ဆေးရုံမှ နေအိမ်ကို ပြန်လည် ထွက်ခွာသွားတယ်လို့ ဆေးရုံဝန်ထမ်းများရဲ့ ပြောကြားချက်အရသိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပုလဲမြို့နယ်ဆေးရုံအုပ်ကြီးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပေးမယ့်လည်း ဆက်သွယ်မရှိခဲ့ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပါးရိုက်ခံရသူ အထက်တန်းသူနာပြု ဒေါ်သန္တာဦးက အများရှေ့မှာ အရှက်နဲ့ သိက္ခာကိုထိပါးတယ်လို့ဆိုကာ မကျေနပ်တဲ့အတွက် ပုလဲမြို့နယ် ရဲစခန်းသို့ ဥပဒေပုဒ်မ ၃၅၄ /၃၂၃ ဖြင့် အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။
(သတင်း - ရန်နိုင်စိုး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013