DVB Logo
Home
မြန်မာသတင်း
မြန်မာ့လမ်းအန္တရာယ်ကင်းရှင်းရေး မီရှဲယိုးတို့အဖွဲ့ ကူညီပေးမည်
DVB
·
June 16, 2016
မြန်မာ့လမ်းအန္တရာယ်ကင်းရှင်းရေး မီရှဲယိုးတို့အဖွဲ့ ကူညီပေးမည်
Donate to DVB

ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDPရဲ့ လမ်းအန္တရာယ်ကင်းရှင်းရေး သံတမန် ဟောလိဝုဒ် မင်းသမီး မီရှဲလ်ယိုးဟာ ဇွန် ၁၅ ရက်က ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်နဲ့ တွေ့ဆုံပြီး လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းမှာ ကူညီထောက်ကူပေးရေး ဆွေးနွေးခဲ့ပါတယ်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးအောင်ရဲထွန်းက မီရှဲယိုးတို့ ဘက်က အခြားနိုင်ငံများမှာ သူတို့ လုပ်ဆောင်ပေးနေသလို  မြန်မာပြည်လမ်း အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းမှာလည်း ပါဝင်လုပ်ဆောင်ပေးမယ်လို့ ဆွေးနွေးခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

“တခြား နိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေ ဒါကို မီရှဲယိုးတို့အဖွဲ့က ပူးပေါင်း ဆောင်ရွက်တာတွေ ရှိပါတယ်။ ကညန ပေါ့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကို ဆောင်ရွက်နေတယ်။ အဲ့ဒီ လုပ်ငန်းစဉ်တွေမှာ သူတို့ ပါဝင်ထောက်ကူပေးမယ်။”

အင်တာနက်ပေါ်က ဓာတ်ပုံတပုံမှာ မင်းသမီး မီရှဲယိုးက ၀န်ကြီးဦးသန့်စင်မောင်ကို ဖုန်းထဲက ရုပ်ပုံတချို့ ပြသနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မေးကြည့်တော့ နိုင်ငံတကာမှာ ယာဉ်တိုက်မှု ကြောင့် ကျောင်းသားတွေ သေဆုံးနေတာကို ရိုက်ကူးထားတဲ့ပုံတွေ ပြနေတာလို့ ပို့ဆက် အတွင်းဝန် ဦးအောင်ရဲထွန်းက ပြောပါတယ်။

“အဲ့ဒါက တခြားကမ္ဘာ့နိုင်ငံတွေမှာ နေ့စဉ် ကျောင်းသား ၅၀၀ သေဆုံးနေတယ်၊ ဘာကြောင့်လဲ ဆိုတော့ ယာဉ်တိုက်ခံရလို့၊ ကျောင်းတွေနားမှာ ကားတွေက အရှိန် မလျှော့ဘူး။ မောင်းတယ်။ ကျောင်းသားတွေက ယာဉ်အန္တရာယ် လမ်းအန္တရာယ် လွတ်အောင် မနည်းသွားလာနေရ တာတွေ ကို မျက်မြင် ရိုက်ယူထားတာတွေ ပြတာ။”

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးလုပ်ငန်းတွေ ကို ရက် ၁၀၀ အတွင်း အကြိမ် ၁၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး အဲ့ဒီ လုပ်ငန်းတွေ ပိုမိုပြည့်စုံကောင်းမွန်အောင် မီရှဲယိုးတို့ အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဟောလီးဝုဒ်မင်းသမီး မီရှဲယိုးဟာ မနေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံမှုဟာ ဂုဏ်ယူဖို့ကောင်းတယ်လို့ မင်းသမီးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013