DVB Logo
Home
မြန်မာသတင်း
ထိုင်းစစ်ဝတ်စုံဝတ်အမျိုးသားက အမျိုးသမီးတဦးကို ဘတ်စ်ကားပေါ်ထိုးကြိတ်သည့်ရုပ်သံ ဝေဖန်မှုများ
DVB
·
June 16, 2016
ထိုင်းစစ်ဝတ်စုံဝတ်အမျိုးသားက အမျိုးသမီးတဦးကို ဘတ်စ်ကားပေါ်ထိုးကြိတ်သည့်ရုပ်သံ ဝေဖန်မှုများ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် အူဘန်းခဲန်မှ ခလောင်းတွေကြား ပြေးဆွဲနေတဲ့ အမှတ် ၁၀၇ ဘတ်စ်ကားတစ်စီးပေါ်မှာ စစ်ဝတ်စုံ ၀တ်ထားတဲ့ အမျိုးသားတဦးမှ သူ့ဘေးက အမျိုးသမီးကို အကြိမ်ပေါင်းများစွာ ထိုးကြိတ်ရိုက်နှက်နေတဲ့ ဗွီဒီယိုကလစ်ဖိုင် လူမှုကွန်ရက်မှာ ရေပန်းစား နေပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ခရီးသည်ထိုင်ခုံပေါ်မှာ နှစ်ယောက်ယှဉ်ထိုင်ရင်း အမျိုးသားက အမျိုးသမီးကို (မင်းဘယ်လို လုပ်လိုက်တာလဲ) လို့ အဓိပ္ပါယ်ရတဲ့ စကား အကြိမ်ကြိမ်ပြောဆိုပြီး ကားပေါ်က ခရီးသည်တွေ ကို ဂရုမစိုက်ဘဲ လက်သီးနဲ့ထိုး၊ ဆံပင်ကို ဆောင့်ဆွဲနေတဲ့ပုံကို လူတယောက်က ဗွီဒီယို ရိုက်ယူပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့ပါတယ်။

ဇွန်လ ၁၅ ရက်နေ့က တင်ခဲ့တဲ့ အဆိုပါ ဗွီဒီယိုကလစ်ကို ရှယ်လ်ယူသွားသူပေါင်း ၅ သောင်းကျော်ရှိပြီး ကွန်မဲင့် အများစုက ထိုင်းတပ်သားတွေကို ပြစ်တင်ဝေဖန်နေကြပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်တဲ့ သတင်းကိုတော့ မတွေ့ရသေး ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013