DVB Logo
Home
မြန်မာသတင်း
တေးသီချင်းများကို ခွင့်ပြုချက်မတောင်းခံဘဲ သုံးစွဲခြင်းအား တရားဥပဒေအရ အရေးယူမည်
DVB
·
June 16, 2016
တေးသီချင်းများကို ခွင့်ပြုချက်မတောင်းခံဘဲ သုံးစွဲခြင်းအား တရားဥပဒေအရ အရေးယူမည်
Donate to DVB

မြန်မာနိုင်ငံ တေးသီချင်း မူပိုင်ရှင်များအသင်းက အဖွဲ့ဝင်တွေ ပိုင်ဆိုင်တဲ့ တေးသီချင်းတွေကို ခွင့်ပြုချက်တောင်းခံခြင်း မရှိဘဲ အသုံးပြုရင် သက်ဆိုင်သူတွေက တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ရှင်များအသင်းက အဖွဲ့ဝင်တွေရဲ့ တေးသီချင်းတွေကို ခွင့်ပြုချက်မဲ့ သုံးစွဲနေတာတွေ မလုပ်ဖို့အတွက် အကြိမ်ကြိမ် ထုတ်ပြန်ကြေညာမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် လိုက်နာခြင်း မရှိပါဘူး။

ဒါ့ကြောင့် အစိုးရသတင်းစာမှာ တရားဝင်ကြော်ငြာပြီးနောက်ပိုင်းမှာ ခွင့်ပြုချက်မဲ့ ဆက်လက်လုပ်ဆောင်ပါက ဥပဒေအတိုင်းပဲ အရေးယူ ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ တေးသီချင်း မူပိုင်ရှင်များအသင်း ဒု-ဥက္ကဋ္ဌ တေးရေး မြင့်မိုးအောင်က ပြောပါတယ်။

“ဖျော်ဖြေပွဲတွေနဲ့ ပတ်သက်ပြီး သူတို့ကလည်း မသိလိုက်မသိဘာသာ တာဝန်မယူဘဲနဲ့ ရှောင်ထွက်နေတာမျိုးပေါ့။ ကျနော်တို့ မူပိုင်ခွင့်မှာ အရေးကြီးတာက ဂီတနဲ့ပတ်သက်ပြီး စီးပွားရေး လုပ်ဆောင်တဲ့သူက အဓိက တာဝန်အကျဆုံးပါ။ အဲတော့ မေတ္တာရပ်ခံတာ မဟုတ်လို့ ကျနော်တို့က စနစ်တကျ လုပ်ဆောင်ရမယ် ဆိုတဲ့အခါမှာ တရားဥပဒေဘောင်အတွင်းကဆိုရင် ကျနော်တို့က တရားစွဲဆိုတာတွေပေါ့နော်။ ဒါတွေ လုပ်ရမှာပါ။ အဲတော့ ကျနော်တို့က ပြောရရင် စီးပွားရေးလုပ်ငန်းရှင်တွေရော အနုပညာ ဂီတလောကသားတွေရော ဒီလိုအလုပ်တွေ မလုပ်ချင်ပါဘူး။ တယောက်နဲ့တယောက် နားလည်မှုရှိရှိနဲ့ ဆောင်ရွက်တဲ့ ဆောင်ရွက်မှုမျိုးကိုပဲ လိုချင်ပါတယ်။”

အဖွဲ့ဝင်တွေပိုင်ဆိုင်တဲ့ တေးသီချင်းတွေကို ကိုယ်ကျိုးစီးပွားရေးအတွက် သုံးစွဲတာမျိုး မဟုတ်ရင် ခွင့်ပြုပေးနိုင်တယ်လို့ တေးရေးတွေက ပြောပါတယ်။

မူပိုင်ခွင့်ချိုးဖောက်မှုတွေ ရှိလာရင် တရားမကြောင်းအရ တရားစွဲဆိုနိုင်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“အဲလို မူပိုင်ခွင့်ကို ကျူးလွန်မယ်ဆိုရင် ဘယ်လိုပြစ်ဒဏ်တွေ ရှိသလဲဆိုတော့ ဆရာတို့ ပုဒ်မ-၆၁ အရ တရားမကြောင်းအရ စွဲဆိုခွင့်ရှိပြီးတော့ နစ်နာကြေး၊ လျော်ကြေးတောင်းလို့ ရတယ်။”

လက်ရှိ တေးရေးတွေရဲ့ မူပိုင်ခွင့်ချိုးဖောက်မှု အများဆုံးကတော့ စင်တင်တေးဂီတတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်း နှစ်ငါးဆယ်ထိအောင် မူပိုင်ခွင့်နဲ့ပတ်သက်ပြီး သက်ဆိုင်မှု ရှိပါတယ်။

တယ်လီနောရဲ့ ကာရာအိုကေပြိုင်ပွဲမှာ သီဆိုခဲ့တဲ့ သီချင်း ၆၀ ကျော်မှာ မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ရှင်များအသင်း အဖွဲ့ဝင်တွေရဲ့ မူပိုင်တေးသီချင်းတွေ အများဆုံး ပါဝင်နေတယ်လို့ အဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း - ခိုင်ပန်းနု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013