DVB Logo
Home
မေးမြန်းခန်း
ကျမတို့​က ဧရာဝတီမြစ်ကြီး​ကို မလွမ်း​ချင်ဘူး​ – ​ဒေါ်​ဒေဝီသန့်​စင်နှင့်​ ​မေး​မြန်း​ချက်
DVB
·
September 13, 2011
ကျမတို့​က ဧရာဝတီမြစ်ကြီး​ကို မလွမ်း​ချင်ဘူး​ – ​ဒေါ်​ဒေဝီသန့်​စင်နှင့်​ ​မေး​မြန်း​ချက်
Donate to DVB

ဧရာဝတီမြစ်စတင်မြစ်ဖျား​ခံရာ ​မေခ၊​ မလိခ ဆုံဆည်း​ရာ​ဒေသမှာ တည်​ဆောက်မယ့်​ မြစ်ဆုံ ​ရေကာတာ​ကြောင့်​ မြန်မာပြည်ရဲ့​ အ​ရေး​အပါဆုံး​မြစ်ကြီး​ ပျက်စီး​သွား​မှာကို စိုး​ရိမ်တဲ့​ သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​ရေး​သမား​တွေ၊​ စာ​ပေ​လောကနှင့်​ အနုပညာ​လောကက ထင်ရှား​သူ​တွေ နည်း​လမ်း​ပေါင်း​စုံနဲ့​ ကန့်​ကွက်​နေကြပါတယ်။

ဒီလိုအချိန်မှာပဲ ​အောင်ပင်လယ် သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​ရေး​မဂ္ဂဇင်း​ရဲ့​ အယ်ဒီတာချုပ် ​ဒေါ်​ဒေဝီသန့်​စင်ကလည်း​ စာ​ရေး​ဆရာ၊​ အနုပညာရှင်​တွေ ၅၀ ​ကျော်ရဲ့​ ​ဆောင်း​ပါး​တွေ စုစည်း​ရေး​သား​ထား​တဲ့​ ဧရာဝတီမြစ်အ​ကြောင်း​ စာအုပ်သစ်တအုပ်ကို စီစဉ်ထုတ်​ဝေလိုက်ပါတယ်။

"ဧရာဝတီကို​တော့​ မလွမ်း​ချင်ပါ" ဆိုတဲ့​ အဲဒီ စာအုပ်စီစဉ်ဖြစ်ရတဲ့​အ​ကြောင်း​နဲ့​ပတ်သက်လို့​ ​ဒေါ်​ဒေဝီသန့်​စင်ကို ​မေး​မြန်း​ထား​ပါတယ်။

ဧရာဝတီကို​တော့​ မလွမ်း​ချင်ပါဆိုတဲ့​ အန်တီစီစဉ်တဲ့​ စာအုပ်အ​ကြောင်း​လေး​ ​ပြောပြ​ပေး​ပါလား​။ ဘယ်လိုစီစဉ်ဖြစ်သလဲ ဆိုတာ။

“ဧရာဝတီ မြစ်ဆုံမှာ ​ရေကာတာ​ဆောက်မယ့်​ ကိစ္စနဲ့​ ပတ်သက်ပြီး​ စိတ်မ​ကောင်း​တဲ့​ အချက်လည်း​ပါတယ်၊​ ​နောက်တခုက သဘာဝ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​သမား​ တ​ယောက်ဖြစ်​တော့​ ကမ္ဘာကြီး​က Global Warming and Climate Change (ကမ္ဘာကြီး​ပူ​နွေး​လာမှုနဲ့​ ရာသီဥတု အ​ပြောင်း​အလဲ) ဖြစ်​နေတဲ့​အတွက် တကမ္ဘာလုံး​မှာရှိတဲ့​ ပင်လယ်သမုဒ္ဒရာ၊​ မြစ်​ချောင်း​၊​ အင်း​အိုင်​တွေ impact (အကျိုး​သက်​ရောက်မှု) ကလည်း​ ရှိ​နေတယ်။ အဲဒီ​တော့​ ဧရာဝတီကို သဘာဝပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​အမြင်နဲ့​ ကြည့်​ရင်လည်း​ သူဟာ အရင်လို စီး​ဆင်း​နိုင်ဖို့​ အခွင့်​အလမ်း​ရှိမှာ မဟုတ်ဘူး​၊​ အထူး​သဖြင့်​ မြစ်ဆုံလို​နေရာမျိုး​မှာ မဂ္ဂါဝပ်အကြီး​ဆုံး​နဲ့​ ​ရေကာတာ​ဆောက်မယ်ဆို​တော့​ ကျမတို့​က မဖြစ်​စေချင်ဘူး​။ ဘာဖြစ်လို့​လဲဆို​တော့​ ဧရာဝတီကို မိခင်ဧရာဝတီလို့​ ယူဆထား​တာ။ မိခင်ဧရာဝတီ စတင်ပြီး​တော့​ ​မွေး​ဖွား​တဲ့​ ​မေခနဲ့​ ​မေလိခတို့​ ​နေရာမှာ လုပ်တယ်ဆိုတာက မိဘနှစ်ပါး​ကို သတ်သလိုပဲ ကျမက​တော့​မြင်တယ်။ ဧရာဝတီက ကချင်ပြည်နယ် တခုတည်း​နဲ့​လည်း​ဆိုင်တာမဟုတ်ဘူး​၊​ ကျမတို့​ ဧရာဝတီမြစ်ဝကျွန်း​ပေါ်အထိ စီး​ဆင်း​ပြီး​တော့​ တပြည်လုံး​ကို ပြည်ပစီး​ပွား​ရေး​နဲ့​ ပတ်သက်တာ၊​ ပြည်တွင်း​ကော စား​ဝတ်​နေ​ရေး​ပါ သူကလုပ်​ဆောင်​ပေး​နေတာ။ အဲဒါ​ကြောင့်​ ကျမတို့​က မိခင်လို့​ တင်စား​ထား​တာပဲ။

“အဲဒါ​ကြောင့်​ ကျမတို့​က ဧရာဝတီမြစ်ဆုံမှာ ​ဆောက်တဲ့​ကိစ္စကို မဖြစ်​စေချင်ဘူး​၊​ ဧရာဝတီကို မလွမ်း​ချင်ဘူး​ဆိုပြီး​ စာအုပ်ထုတ်​ဝေတယ်။ ကျမတို့​အ​နေနဲ့​ တား​လို့​ရချင်လည်း​ရမယ်၊​ မရချင်လည်း​ မရဘူး​။ ဒါ​ကြောင့်​ ​နောင်လာမယ့်​ မျိုး​ဆက်သစ်​တွေမှာ ဧရာဝတီဆိုတာ ဘယ်လိုပါဆိုတာကို မှတ်တိုင်တခု စိုက်ခဲ့​ရမယ်။ ​နောင်မျိုး​ဆက်သစ်​တွေက ကျမတို့​ရဲ့​ မိခင် ဧရာဝတီကြီး​က တချိန်က ဘယ်လိုစီး​ဆင်း​ခဲ့​တာပါဆိုပြီး​တော့​ သိရမယ်။”

ဆိုတာက မြစ်ဆုံ​ရေကာတာလိုဟာမျိုး​ ​ဆောက်ရင် တချိန်ချိန်ကျရင် ဧရာဝတီက လွမ်း​စရာမြစ်ကြီး​ တစင်း​ဖြစ်လာမယ်လို့​ အဲလိုများ​ စိတ်ထဲမှာ​ပေါ်ပြီး​ လုပ်တာလား​။

“ဟုတ်ပါတယ်၊​ ဒါကကျမတို့​ကို ​ပြောလို့​မရဘူး​လေ။ တချို့​ ကမ္ဘာ​ပေါ်က မြစ်​တွေဆိုရင် သမုဒ္ဒရာထဲစီး​ဆင်း​နိုင်မှု မရှိ​တော့​ဘူး​။ အဲဒါ​ကြောင့်​ ကျမတို့​က ဧရာဝတီကြီး​ကိုလည်း​ မလွမ်း​ချင်ဘူး​၊​ အရင်အတိုင်း​ပဲ ရှိ​စေချင်တယ်ဆိုတဲ့​ ဆန္ဒနဲ့​ ကျမတို့​ လုပ်ခဲ့​တာပါ။ ကျမတို့​ ပုဂံကို မမီလိုက်ဘူး​။ ဒါ​ပေမယ့်​ ​ဒေါက်တာသန်း​ထွန်း​တို့​ စာအုပ်ထဲကတဆင့်​ ပုဂံကို သု​တေသနလုပ်ပြီး​တော့​ မှတ်တမ်း​တင်​ပေး​တဲ့​ စာအုပ်​တွေက​နေ ကျမတို့​ ပုဂံကိုလှမ်း​ကြည့်​လို့​ ရတယ်။ ဒီလိုပဲ ဧရာဝတီကိုလည်း​ ​နောင်တချိန်မှာ သဘာဝပတ်ဝန်း​ကျင်ရဲ့​ အကျိုး​ဆက်​ကြောင့်​ပဲဖြစ်ဖြစ်၊​ လူလုပ်တဲ့​ အကျိုး​ဆက်​ကြောင့်​ပဲဖြစ်ဖြစ် ကျမတို့​ ဧရာဝတီက တစုံတခု အရင်တိုင်း​ မရှိခဲ့​ရင် ​နောင်က​လေး​တွေက ဧရာဝတီဆိုတာ ဒို့​ဗမာပြည်မှာ ဘယ်လိုစီး​ဆင်း​ခဲ့​သလဲဆိုတာကို သိသင့်​တယ်ထင်လို့​ ဒီစာအုပ်ကို ကျမထုတ်ခဲ့​တာ။”

မ​နေ့​တ​နေ့​က လျှပ်စစ်ဝန်ကြီး​ ​ပြောသွား​တဲ့​စကား​ထဲမှာ ဒီမြစ်ဆုံ​ရေကာတာကိစ္စဟာ အမျိုး​သား​အကျိုး​စီး​ပွား​ဖြစ်တယ်​ပေါ့​။ အား​လုံး​အတွက် အကျိုး​ရှိတဲ့​ကိစ္စ။ အခုမ​ဆောက်ဖို့​ ​ပြော​နေတယ်ဆိုတာက ပျက်စီး​ရာ ပျက်စီး​ကြောင်း​ ဆိုတာမျိုး​ သူ​ပြောသွား​တယ်။ အဲဒီစကား​ပေါ်မှာ အန်တီတို့​ ဘယ်လိုများ​ တုံ့​ပြန်ချင်ပါသလဲ၊​ ဘယ်လိုများ​ ခံစား​ရပါလဲ။

“ဘယ်လိုခံစား​ရတယ်ဆိုတာ အခု​တော့​ ကျမထိ​တွေ့​ရသ​လောက် ပတ်ဝန်း​ကျင်မှာ အကုန်လုံး​က ခံစား​နေရတယ်။ ​ပြောလိုက်တဲ့​ စကား​ထဲမှာ ​နောက်မဆုတ်ဘူး​ဆိုတဲ့​ စကား​ပေါ်မှာ ​ကျေနပ်တဲ့​လူဆိုတာ တ​ယောက်မှ မရှိဘူး​။ အဲဒီ​တော့​ ကျမ​ပြောချင်တာက အခုနိုင်ငံ​တော် အစိုး​ရသစ်နဲ့​ တိုင်း​ပြည်ရဲ့​ ဖွံ့​ဖြိုး​တိုး​တက်မှုကို သွား​နေတဲ့​အချိန်မှာ ဘာပဲ​ပြော​ပြော ပြည်သူ့​ရဲ့​ အသံ၊​ ပြည်သူ့​ရဲ့​ ဆန္ဒကို​တော့​ နည်း​နည်း​ အ​လေး​ပေး​သင့်​တယ်လို့​ ထင်တယ်။”

လူ​လေး​စား​ရတဲ့​ စာ​ရေး​ဆရာ​တွေကအစ အကုန်လုံး​က ဝိုင်း​ပြီး​ ​ပြောဆို​နေတယ်၊​ အစိုး​ရကလည်း​ အရင်အတိုင်း​ပဲ ဆက်လုပ်မယ်လို့​ ​ပြောတဲ့​အခါကျ​တော့​ ဒီနှစ်ခုက ပြန်ပြီး​ညှိနှိုင်း​လို့​ မရတဲ့​ပုံစံမျိုး​ပေါက်​နေတယ်။ ဒီ နှစ်ခုက ဘယ်လိုမျိုး​ ညှိလို့​ရမယ်လို့​ အန်တီတို့​ အ​နေနဲ့​ တွက်ပါသလဲ။

“ရှင်း​ရှင်း​ပြောရင် နိုင်ငံ​တော် သမ္မတကြီး​က​နေ ငြိမ်း​ချမ်း​ရေး​ ​ခေါ်တာတို့​၊​ စီး​ပွား​ရေး​နဲ့​ ပတ်သက်တဲ့​ အခွန်ကိစ္စတို့​၊​ သဘာဝပတ်ဝန်း​ကျင်ဆို ဝန်ကြီး​ဌာန​တောင် သစ်​တောနဲ့​ တွဲပြီး​တော့​ ဖွင့်​လိုက်ပြီ။ အဲ​တော့​ ဒီတိုင်း​ပြည်ဖွံ့​ဖြိုး​တိုး​တက်တဲ့​ ​နေရာမှာ သွား​နေတာဟာ တဘက်က ဒီလိုစကား​မျိုး​ ​ပြောတယ်ဆို​တော့​ သူတို့​အချင်း​ချင်း​လည်း​ ရှင်း​ဖို့​ရှိတယ်။ ပြဒါး​တလမ်း​ သံတလမ်း​နဲ့​ ပြည်သူက ယုံကြည်ဖို့​၊​ ပြည်သူက လက်ကမ်း​ကြိုဆိုဖို့​ ဖြစ်​နေတဲ့​အချိန်မှာ ဒီလိုမျိုး​ စကား​နှစ်မျိုး​က​တော့​ အစိုး​ရအသစ်အ​နေနဲ့​ မထွက်သင့်​ဘူး​။ အဲ့​တော့​ ပြည်သူက ယုံကြည်ကိုး​စား​ဖို့​ ​စောင့်​နေတာ။ အဲဒီအချိန်မှာ ဒီလိုမျိုး​ စကား​နှစ်မျိုး​က ထွက်သွား​တော့​ ကျမတို့​ ရှင်း​စရာ မလိုဘူး​၊​ သူတို့​အချင်း​ချင်း​ပဲ ရှင်း​ရမှာ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013