DVB Logo
Home
မြန်မာသတင်း
ထိုင်းစကားမတတ်၍ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်
DVB
·
June 15, 2016
ထိုင်းစကားမတတ်၍ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဖစ်ခ်ျပူရီခရိုင်မှာ မြန်မာအလုပ်သမားတစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဇွန်လ ၁၄ ရက်နေ့ ည ၉ နာရီခွဲက ဖစ်ချပူရီမြို့ တွန့်မတ်မုန့်ရပ်ကွက်ထဲမှာ လူသေဆုံးမှုရှိကြောင်း သတင်းပေးချက်ရတဲ့အတွက် ဆရာဝန်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေပါခေါ်ပြီး အခင်းဖြစ်ပွားရာ အငှါး အိမ်ခန်းတစ်ခုထဲ ၀င်ရောက်စစ်ဆေးရာမှာ သွေးအိုင်ထဲ ပက်လက်လဲပြီး သေဆုံးနေတဲ့ လူရွယ်တစ်ဦးကို တွေ့ရတယ်လို့ ဖစ်ချပူရီမြို့မရဲစခန်း တာဝန်ကျဒုရဲအုပ် ဆစ်ထိဆဒ်ထောင်း န်နတ်က သတင်းထောက်ကို ပြောပါတယ်။

သေဆုံးသူဟာ အဲဒီအခန်းမှာ ငှားနေတဲ့ မြန်မာအလုပ်သမား ကိုကျော် (အသက် ၂၄ နှစ်) ဖြစ်ပြီး ဘယ်ဘက်ရင်ဘတ်နဲ့ နံရိုးကြားမှာ ဓားထိုးဒဏ်ရာတချက်၊ သွေးစက်တွေကို ရေချိုးခန်းထိ တောက်လျှောက်ကျနေတာတွေ့ရတဲ့အတွက် ရေချိုးခန်းထဲသွားရောက်စစ်ဆေးရာမှာ သွေးပေ နေတဲ့ အင်္ကျီတစ်ထည်နဲ့ တစ်ပေခန့်ရှည်တဲ့ ဓားတစ်ချောင်းကိုပါ တွေ့ရတယ်လို့ ရဲဝန်ထမ်းက ဆက်ပြောပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့မှ လူသတ်သမားကို လိုက်လံရှာဖွေရာမှာ  နာရီပိုင်းအတွင်းမှာဘဲ အခင်း ဖြစ်ပွားတဲ့ ရပ်ကွက်မှ ၃ ကီလိုအကွာ လမ်းပေါ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဖမ်းခံရသူမှာ အသက် ၄၀ ရွယ်ရှိ ကိုစိုး ဆိုသူဖြစ်ပြီး သေဆုံးသူရဲ့ အခန်းဖော်ဖြစ်ကြောင်း၊ သူတို့ ၂ ဦးလုံး ဆောက်လုပ်ရေးအလုပ်သမားတွေဖြစ်ကာ သေဆုံးသူက ထိုင်းစကားမတတ်တဲ့ ကိုစိုးကို အမြဲလှောင်ပြောင်သလို အလုပ်ရှင် အထင်မှားအောင် သူ့အပေါ် အမြဲအပြစ်ပုံချလေ့ ရှိတဲ့အတွက် အငြိုးထားပြီး သတ်လိုက်တာလို့ မြန်မာဘာသာပြန်မှတဆင့် ထွက်ဆိုပါတယ်။

မနေ့က ၂ ယောက်အရက်အတူသောက်ပြီး ကိုကျော်ရေသွားချိုးချိန် အနောက်ကနေလိုက်ပြီး ဓားနဲ့ထိုးခဲ့ကြောင်း၊ ကိုကျော်က ပြန်ခုခံပြီး ရေချိုးခန်းထဲမှပြေးထွက်လာကာ အိမ်ရှေ့ခန်းမှာ လည်း ကျသွားတာနဲ့ သူလည်း ဓားကိုရေချိုးခန်းထဲ ပစ်ချ၊ အ၀တ်လဲပြီး ရှောင်ထွက်လာတာလို့ ၀န်ခံပြောဆိုသွားပါတယ်။

ရဲစခန်းမှ သူ့ကို ဖမ်းချုပ်ထားပြီး တမင်ကြံရွယ်လူသတ်မှုနဲ့ အမှုဖွင့်အရေးယူသွားမယ်လို့ ပြောပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013