DVB Logo
Home
အာရှဒေသ
စက်တင်ဘာ ၁၁ အကြမ်း​ဖက်တိုက်ခိုက်မှု ဆယ်နှစ်ပြည့်​ <br />အ​မေရိကန် မွတ်စလင်သူရဲ​ကောင်း
DVB
·
September 13, 2011
စက်တင်ဘာ ၁၁ အကြမ်း​ဖက်တိုက်ခိုက်မှု ဆယ်နှစ်ပြည့်​ <br />အ​မေရိကန် မွတ်စလင်သူရဲ​ကောင်း
Donate to DVB

အ​မေရိကန်ပြည်​ထောင်စုက လူသုံး​ထောင်​ကျော် ​သေဆုံး​ခဲ့​ရတဲ့​ ကမ္ဘာ့​ကုန်သွယ်​ရေး​စင် တာ အကြမ်း​ဖက်တိုက်ခိုက်မှု ဖြစ်ရပ်ဟာ အခု စက်တင်ဘာ ၁၁ ရက်​နေ့​မှာ ဆယ်နှစ်ပြည့်​ ပါပြီ။ ပါကစ္စတန်မှာ​မွေး​တဲ့​ အ​မေရိကန်နိုင်ငံသူ `တာလတ်ဟမ်ဒါနီ ´ရဲ့​သား​ အသက် ၂၂ နှစ်အရွယ် `ဆလ်မန်´ဟာ မိုး​မျှော်တာဝါ ဒုတိယအ​ဆောက်အဦ ပြိုကျချိန်မှာ ​သေဆုံး​ သွား​ပါတယ်။

ဆလ်မန်က ​ဆေး​တပ်ဖွဲ့​က တပ်သား​လေး​တဦး​ဖြစ်ပြီး​ ပိတ်မိ​နေတဲ့​လူ​တွေကို အပြင်ကူထုတ်ဖို့​အတွက် အ​ဆောက်အဦထဲ ​ပြေး​ဝင်သွား​ရင်း​က အပျက်အစီး​နဲ့​ လူအုပ် ​တွေကြား​ ပိတ်မိပြီး​ ​သေဆုံး​သွား​ခဲ့​တာပါ။ ဆလ်မန်ရဲ့​ ရုပ်အ​လောင်း​ကို ရက်သတ္တပတ် ​ပေါင်း​များ​စွာ ကြာတဲ့​ထိ ရှာမ​တွေ့​ခဲ့​ပါဘူး​။ သူ့​ကို ချီး​ကျူး​ဂုဏ်ပြုခြင်း​ မရှိတဲ့​အပြင် အကြမ်း​ ဖက်တိုက်ခိုက်မှုမှာ ပါဝင်သူအဖြစ်နဲ့​ သံသယရှိခဲ့​ကြပါ​သေး​တယ်။ ရဲ​တွေက သူ့​အိမ်နဲ့​ မိသား​စုကို အကြိမ်ကြိမ် ရှာ​ဖွေစစ်​ဆေး​မှုရှိခဲ့​ကြပါတယ်။

စက်တင်ဘာ ၁၁ ရက် အကြမ်း​ဖက်တိုက်ခိုက်ခံရမှု ဆယ်နှစ်ပြည့်​အဖြစ် အ​မေရိကန်က မူဆလင် သူရဲ​ကောင်း​လေး​အ​ကြောင်း​ကို နယူး​ယောက်မြို့​က ​အေရှား​ကောလင်း​ သတင်း​ထောက် Alice Brennan (အဲလစ် ဘရန်နန်) က သတင်း​ပို့​ပေး​ထား​ပါတယ်။

(Asia Calling သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော် ဘာသာပြန်ပြီး​ ယုယမိုး​ စီစဉ် တင်ဆက်ထား​တာပါ။)

အသံ နား​ဆင်ရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013