DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် အေဒီဘီဆွေးနွေး
DVB
·
June 14, 2016
မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် အေဒီဘီဆွေးနွေး
1 / 3
Donate to DVB

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ မစ္စတာ တကဲဟိကို နာကာအို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မနက်က နေပြည်တော်မှာ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေ ဆွေးနွေးပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အဓိကဦးစားပေး ဆောင်ရွက်လိုတဲ့ လမ်းပန်းဆက်သွယ်ရေး အပါအ၀င် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ အတွက်ပိုမို ကူညီပေးဖို့ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာန ဒုညွန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ဒီဗွီဘီကို ပြောပါတယ်။

“အစ်မတို့ ၀န်ကြီးက ဘာကို အဓိကထား မေတ္တာရပ်ခံလဲဆိုတော့ ဒီလုပ်ငန်းအသေးလေးတွေ၊ စီမံကိန်းအသေးလေးတွေ တပြည်လုံးပွပြီး လုပ်မှာထက်စာရင် infrastructure အခြေခံ အဆောက်အအုံရယ် စွမ်းအင်ကဏ္ဍမှာ ဇောက်ချပြီးတော့ စီမံကိန်းကြီးလိုဟာမျိုးကြီး လုပ်ပေးပါ။ ဒါပေမယ့် ဘယ်လို ရပ်တည်ချက်နဲ့ လုပ်ချင်တာလဲ ဆိုတော့ ရေရှည်တည်တံ့ခိုင်မြဲဖို့အပါအ၀င် အလုပ်အကိုင် ဖန်တီးရေး ပါပါသွားအောင် ပူးတွဲပြီး အဲဒီ အချက်ကိုပါ ထည့်ပြီးလုပ်ပေးပါ။ မြန်မာပြည်မှာ ရှိတဲ့ ကိုယ့်လူမျိုးတွေ အလုပ်ရဖို့ရယ်၊ ရေရှည်လည်းတည်တံ့သွားအောင် အဓိကထား ပြီးလုပ်ပေးပါပေါ့။ capacity building စွမ်းရည်မြှင့်တင်ရေးတွေကလည်း အေဒီဘီက လုပ်တော့ လုပ်ပေးနေတယ်။ ဒါပေမယ့် ဒီတိုင်း သီးခြားထက်စာလို့ရှိရင် စီမံကိန်းကြီးအောက်ထဲမှာတင် တခါတည်း ချိတ်ဆက်လုပ်ပေးပါလို့ မေတ္တာရပ်ခံတာပေါ့လေ။”

အေဒီဘီဘက်ကလည်း သူတို့ရဲ့ လက်ရှိလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ရှင်းပြသလို အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုတိုးတက် ဖန်တီးပေးနိုင်ရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အပါအ၀င် အနာဂတ်မှာ မြန်မာနဲ့ အေဒီဘီ ဆက်လက်ပူးပေါင်း လုပ်ဆောင် သွားမယ့် ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် အကြီးအကဲနဲ့ အဖွဲ့ဟာ မြန်မာသမ္မတ ဦးထင်ကျော်နဲ့လည်း သမ္မတ အိမ်တော်မှာ ဒီကနေ့မနက်က သီးခြားတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နောင်အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မယ့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။
(ဓာတ်ပုံ - MOI)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013