DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် ရွှေအတုနှင့်အစစ် လိမ်ပြီးလဲလှယ်ယူသည့် မြန်မာအမျိုးသမီးကို ဖမ်းမိ
DVB
·
June 14, 2016
ချင်းမိုင်တွင် ရွှေအတုနှင့်အစစ် လိမ်ပြီးလဲလှယ်ယူသည့် မြန်မာအမျိုးသမီးကို ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မှာ ရွှေအတုနဲ့အစစ် လိုက်လံလဲလှယ်လိမ်ယူနေတဲ့ မြန်မာ နိုင်ငံသား ရှမ်းအမျိုးသမီးတဦးကို ဇွန်လ ၁၃ ရက်နေ့မနက်က ချင်းမိုင်ဈေးကြီးထဲမှာ ဖမ်းဆီးရ မိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ၁၀ ရက်နေ့က ရွှေ့ပြောင်းအလုပ်သမား ရှမ်းအမျိုးသမီး ယာနီလုင်းလိန် ဆိုသူဟာ ဈေးလာဝယ်ရင်း  အဆိုပါ အမျိုးသမီးရဲ့ လိမ်လည်ဖျားယောင်းမှုကိုခံရပြီး ဆွဲကြိုး၊ လက်စွပ်နဲ့ နားကပ် စုစုပေါင်း ရွှေတစ်ကျပ်သားနီးပါး ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

တာဝန်ရှိရဲတပ်ဖွဲ့မှ စီစီကင်မရာအထောက်အထားနဲ့ သူမကိုလိုက်လံရှာဖွေရာမှာ ဈေးကြီးထဲ လျှောက်သွားနေတဲ့သူ့ကို ဖမ်းမိခဲ့ပြီး အလိမ်ခံရသူတွေနဲ့အတူ ချန့်ဖိုတ်ရဲစခန်းမှာ သတင်းစာ ရှင်းလင်းခဲ့ပါတယ်။

လိမ်လည်သူအမျိုးသမီးအမည်မှာ နန်းဟွမ်လုင်းလိုင် (အသက် ၄၈ နှစ်) ဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ထိုင်းမှာအလုပ်လာလုပ်ကြောင်း၊ သားသမီး ၆ ဦးရှိပြီး ခင်ပွန်း ဖြစ်သူမှာ ကားတိုက်ခံရပြီး သေဆုံးသွားတဲ့အတွက်  သားသမီးအတွက်ငွေရှာရင်း ဒီအလုပ်ကို လုပ်မိတာလို့ ၀န်ခံသွားပါတယ်။

သူမဟာ တို့ဆေးနဲ့ ရွှေထည်လိမ်ယူတယ်လို့ ဆုံးရှုံးသူတွေက စွပ်စွဲပေမယ့် သူမကတော့ ဘာတို့ဆေးမှမရှိကြောင်း၊ တဘက်သားသနားအောင် ငိုပြပြီး ငွေတွေလိမ်ယူခဲ့သလို ရွှေအတု ကို အစစ်နဲ့ အကြောင်းအမျိုးမျိုးပြလဲယူခဲ့ကြောင်း၊ စုစုပေါင်း အကြိမ် ၂၀ ခန့်ကျူးလွန်ခဲ့ပြီး အလိမ်ခံရသူများမှာလည်း ရှမ်းအလုပ်သမားအချင်းချင်းဘဲလို့ ၀န်ခံပြောကြားသွားပါတယ်။

ရဲတပ်ဖွဲ့က သူမကို  သူတပါးပစ္စည်း ဆုံးရှုံးစေမှု၊ လိမ်လည်မှု၊ နိုင်ငံထဲတရားမ၀င် ၀င်ရောက်မှု တွေနဲ့ အရေးယူသွားမှာဖြစ်ပြီး အခုလို အမှုမျိုးကို မကြာခဏတွေ့ရတဲ့အတွက် ရွှေငွေ လက်ဝတ်လက်စားဝတ်ဆင်သူ ပြည်သူတို့ အလိမ်မခံရအောင် သတိထားကြဖို့ ချင်းမိုင်ခရိုင် ရဲမှူးကြီး မွန်ဒရီ ဆုမ်ဘွန်းနားနန်က သတင်းစာရှင်းပွဲမှာ သတိပေးပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013