DVB Logo
Home
မြန်မာသတင်း
မြန်မာသံအမတ်ကြီးများကို ဒေါ်အောင်ဆန်းစုကြည် ခေါ်ယူတွေ့ဆုံ
DVB
·
June 14, 2016
မြန်မာသံအမတ်ကြီးများကို ဒေါ်အောင်ဆန်းစုကြည် ခေါ်ယူတွေ့ဆုံ
Donate to DVB

အာရှနိုင်ငံတွေမှာ သွားရောက်တာဝန်ထမ်းဆောင်နေကြတဲ့ မြန်မာသံအမတ်ကြီးတွေကို နိုင်ငံခြားရေးဌာန ပြည်ထောင်စု ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ဒီကနေ့ ခေါ်ယူတွေ့ဆုံဆွေးနွေးမယ်လို့ နိုင်ငံခြားရေးဌာနက စုံစမ်းသိရပါတယ်။

အာရှနိုင်ငံတွေမှာဖွင့်လှစ်ထားတဲ့ မြန်မာသံရုံး ၁၉ ရုံးထဲက သံအမတ်ကြီး ၁၈ ဦးနဲ့ ဒီကနေ့ မွန်းလွဲပိုင်းက တွေ့ဆုံညှိနှိုင်းဆွေးနွေးကြမှာလို့ နိုင်ငံခြားရေးဌာန ဒုညွန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ဒီဗွီဘီကို ပြောပါတယ်။

“နိုင်ငံတကာ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက တနှစ်တခါ သံအမတ်တွေနဲ့ ဒီဘက်က ရုံးချုပ် ခေါ်မှာပေါ့ အဓိကကတော့ ၀န်ကြီးဦးဆောင်ပြီးတော့ သူတို့ လုပ်ငန်းညှိနှိုင်းတိုင်ပင်ဆွေးနွေးမှု တွေ လုပ်လေ့လုပ်ထရှိတယ်။ အမတို့မြန်မာက အဲဒါတွေ ဟိုတုန်းက သိပ်မလုပ်နိုင်ဘူး။ မလုပ်နိုင်တာ အဓိကကတော့ အလုပ်မအားတာရယ်၊ အချိန်မရတာရယ် ငွေရေးကြေးရေး လည်းတွက်ရတာပေါ့ ခရီးသွားရတာဆိုတော့ အခုကျတော့ လုပ်ငန်းပိုပြီး ထိရောက်မှု ရှိအောင် ဆိုပြီးတော့ ပြန်လုပ်တာပါ။ ”

ဒါဟာ အစိုးရသစ်တက်လာပြီးနောက် ပြည်ပနိုင်ငံတွေ မှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာသံတမန်တွေကို ပထမဆုံးအကြိမ်ခေါ်ယူတွေ့ဆုံတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ကုန်ပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပမှာ သွားရောက်တာဝန် ထမ်းဆောင်မယ့် မြန်မာသံအမတ်တွေနဲ့ တွေ့ဆုံရာမှာ မြန်မာသံရုံးတွေအနေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပစ်ပယ်မထားဘဲ ကာကွယ်စောင့်ရှောက်ကူညီပေးဖို့ မှာကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013