DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းမြို့နယ်တွင် ရွှေမျောတိုက်ရာက မြေပြို၊ လူနေအိမ် ၁ လုံး ပါဝင်
DVB
·
June 13, 2016
ဟုမ္မလင်းမြို့နယ်တွင် ရွှေမျောတိုက်ရာက မြေပြို၊ လူနေအိမ် ၁ လုံး ပါဝင်
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှာ ဒီနေ့ ညနေပိုင်းက ရွှေမျောတိုက်ရာကနေ မြေပြိုပြီး လူနေအိမ်တလုံးလည်း မြေပြိုတဲ့အထဲ ပါဝင်ခဲ့ပါတယ်။

ဟုမ္မလင်းမြို့နယ် နမ့်တောဒေသ ထိန်ကုန်းကျေးရွာအတွင်းရှိ ရန်ကင်းအောင်ရပ်ကွက်အနီးမှာ အောင်ပြည့်ပြည့်ဖြိုး ကုမ္ပဏီမှ ရွှေမျောတိုက်ရာ လူနေအိမ်အပါအဝင် ပစ္စည်းတွေ မြေပြိုတဲ့အထဲ  ပါသွားခဲ့တာပါ။

မြေပြိုတဲ့အတွက် နေအိမ်တလုံးအပါအ၀င် အိမ်ထဲရှိပစ္စည်းအားလုံးနဲ့ ဆိုင်ကယ် ၁ စီးဆုံးရှုံးခဲ့ပြီး မွေးမြူထားတဲ့ ဝက် ၁၅ ကောင် မြေပိဆုံးရှုံးခဲ့ပါတယ်။

နောက်ထပ် မြေပြိုမှုဖြစ်နိုင်တဲ့ စိုးရိမ်ရတဲ့ လူနေအိမ် ၃ လုံးနဲ့ မိသားစုဝင်တွေကိုလည်း ပြောင်းရွှေ့ထားရတယ်လို့ ဒေသခံ ဦးအောင်စိုးသိန်းမှ ပြောပါတယ်။

(သတင်း၊ ဓာတ်ပုံ - ဌေးလှိုင်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013