DVB Logo
Home
မြန်မာသတင်း
ပန်းတောင်းတွင် ရေကြီးပြီးနောက် လမ်းနှင့် တာများ ပျက်စီး၊ သွားလာရေးခက်ခဲ
DVB
·
June 13, 2016
ပန်းတောင်းတွင် ရေကြီးပြီးနောက် လမ်းနှင့် တာများ ပျက်စီး၊ သွားလာရေးခက်ခဲ
1 / 6
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ထဲက ကျေးရွာအချို့မှာ ရေကြီးပြီးပြန်ကျသွားတဲ့အချိန်မှာ ကျေးလက်လမ်းတွေ၊ တာတွေနေရာများစွာမှာ ပျက်စီးသွားခဲ့ပြီး သွားလာရေးခက်ခဲနေပါတယ်။

ဇွန်လ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေက မိုးဆက်တိုက်ရွာသွန်းတဲ့အတွက် ပန်းတောင်း တမြို့နယ်လုံး နေရာတော်တော်များများ ရေကြီးရေမြုပ်တာတွေ ဖြစ်ခဲ့ပြီး အိမ်ပေါင်းထောင်ချီ နစ်မြုပ်ကာ လယ်ဧကပေါင်းသောင်းချီ နစ်မြုပ်ခဲ့ပါတယ်။

ဇွန်လ ၁၂ ရက်နေ့က ရေပြန်ကျသွားပေမယ့် တောင်ပေါ်က ထိုးကျလာတဲ့ တောင်ကျရေကြောင့် ပန်းတောင်မြို့၊ ဥသျှစ်ပင်မြို့အပါအ၀င် မကျီးထုံး၊ ရွှေပန်းတော၊ ဆင်ကူး၊ ကွေ့မ၊ သစ်ဆိမ့်ကုန်း၊ သဲဖြူကျေးရွာတွေကို ဆက်သွယ်ထားတဲ့ ကိုယ်ထူကိုယ်ထ ကျေးလက်လမ်းတွေ ပျက်ဆီးခဲ့ပြီး သွားလာရခက်ခဲတဲ့အတွက် ဒေသခံတွေက လမ်းကို အမြန်ဆုံး ပြုပြင်စေချင်နေကြပါတယ်။

“အဲဒီလမ်းတွေက ကိုယ်ထူကိုယ်ထလုပ်ထားတာ၊ ၂၀၁၄ ခုနှစ်တုန်းက ရန်ပုံငွေကျတယ်ဆို ပြီး (၁) မိုင်လောက်တော့ လာခင်းတယ်။ စည်ပင်သာယာ၊ ထွေအုပ်ရယ်၊ လွှတ်တော် ကိုယ်စားလှယ် တွေတော့ လာတယ်။ အဲဒီနောက်နှစ်မှာပဲ၊ တခါထပ်ပျက်သွားလို့ ကိုယ်ဟာကိုယ်ပဲ ပြန်လုပ်ထား ရတာ၊ အခုလဲထပ်ဖြစ်ပြန်ပြီ၊ နိုင်ငံတော်က အခိုင်အမာ လုပ်ပေးစေချင်ပါတယ်။ ရွာက ကျောင်းက ကျောင်းသားတွေလည်း မလာနိုင်ဘူး။ ဆရာတွေကလည်း ပန်းတောင်မြို့ကနေ လာရတာ၊ အခု (၂)မိုင်လောက် လမ်းလျှောက်ပြီး အချို့နေရာတွေဆို လှေတွေနဲ့ လာနေရတာ၊ သူတို့လည်း အရမ်းဒုက္ခရောက်နေပါတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံ လမ်းကော်မတီအဖွဲ့ဝင်တဦးက “ကျနော်က လမ်းကော်မတီမှာပါတယ်။ ဒါပေမယ့် သူတို့ ဘာမှမေးလို့ မရဘူး။ သူတို့ကနေ သူတို့လုပ်တာ၊ ဘယ်ကုမ္ပဏီက လုပ်တယ်ဆိုတာလဲ မသိဘူး။ ဘယ်ဘတ်ဂျက်နဲ့ လုပ်တယ်ဆိုတာလဲ မသိပါဘူး။ သူတို့က ဘာမှမပြောဘူး။ အခုပျက်တော့လဲ ခင်ဗျားတို့ မြင်တဲ့အတိုင်း အရပ်ကပဲ ကိုယ့်ရွာပတ်ဝန်းကျင် တအိမ်တယောက် ထွက်လုပ်နေရတာပဲ။ လမ်းကိုတော့ အမြန်လုပ်ပေးရင်ကောင်းမှာ”လို့ ဆိုပါတယ်။

အဲဒိကျေးရွာတွေမှာ အမက ကျောင်း ၅ ကျောင်းရှိပြီး၊ ရေနစ်မြုပ်တုန်းကလည်း စပါးပျိုးခင်းနဲ့ သဏ္ဍာန်ကျဲပြီးသား လယ်ဧက ၁၀၀ ကျော်ခန့် ရေနစ်မြုပ်သွားခဲ့ကာ နှမ်းဧက ၁၀၀ ခန့်ပျက်စီးခဲ့ ပါတယ်။ အခု တောင်ကျရေထိုးချလိုက်တာကြောင့် ပျက်စီးသွားတဲ့ လမ်းက သွားဖို့လာဖို့ မဖြစ်နိုင် တော့ပဲ အဲဒီကျေးရွာတွေက အဲဒီလမ်းတခုကိုပဲ အားထားနေရတဲ့အတွက် ဒေသခံတွေက အမြန်ပြန်ပြီး ပြုပြင်ပေးစေချင်နေတာပါ။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013