DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် တနိုင်ငံလုံး အိမ်ခြေပေါင်း ၆ ထောင်နီးပါးရေနစ်မြုပ်
DVB
·
June 13, 2016
ရေကြီးမှုကြောင့် တနိုင်ငံလုံး အိမ်ခြေပေါင်း ၆ ထောင်နီးပါးရေနစ်မြုပ်
Donate to DVB

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးကြီးရေ လျှံမှုကြောင့်လူနေအိမ် ၂၅၀ ခန့် မျောပါပျက်စီးသွားပြီး အိမ်ခြေပေါင်း ၆ ထောင်နီးပါး ရေနစ်မြုပ်ခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

“အိမ်တွေ မျောပါသွားတာဆိုလို့ရှိရင် စစ်ကိုင်းတိုင်း ပင်လည်ဘူးမှာ အိမ် ၁ လုံး။ ပဲခူးတိုင်းထဲ မှာဆိုရင် ၂၉ လုံး အဲဒါက ပန်းတောင်းမှာ ၂၆ လုံးနဲ့ ဇီးကုန်းမှာ ၃ လုံး။ နောက်ရခိုင်ပြည်နယ်မှာ ဆိုလို့ရှိရင် ၂၁၄လုံး သံတွဲမှာ ၂၁၀၊ တောင်ကုန်မှာ ၁၊ စစ်တွေမှာ ၃ လုံး။ သူက ရေမျောသွား တာတွေရော၊ တချို့ကျတော့ ရေအရမ်း တိုက်စားတော့ တောင်တွေဘာတွေ ပြိုပြီးပိတာတို့ အဲဒါတွေ အကုန်ပါတယ်။”

ဒါ့အပြင် ရေကြီးမှုကြောင့် စစ်ကိုင်းတိုင်းမှာ အိမ်ခြေ ၅၅၀၀ ကျော်၊ ပဲခူးတိုင်းမှာ အိမ်ခြေ ၁၀၆ အိမ်၊ ဧရာဝတီတိုင်းမှာ ၄၆ အိမ်နဲ့ ရခိုင်ပြည်နယ်မှာ ၂၁၄ အိမ် ရေနစ်မြုပ်ခဲ့ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနက ကူညီခဲ့ရတယ်လို့ ပြောပါတယ်။

တခြားအိမ်ရေမြုပ်ပြီး သူတို့ဆီကို စာရင်းမတက်လာသေးတဲ့ အိမ်တွေလည်း ရှိနေသေးတယ် လို့လည်း ပြောပါတယ်။

ရေကြီးမှုကြောင့် ရခိုင်ပြည်နယ်တောင်ကုတ်မြို့မှာ လူ ၄ ဦးမျောပါသေဆုံးခဲ့သလို စစ်ကိုင်းတိုင်း ၀န်းသိုမြို့မှာ လည်း ၂ ဦး မျောပါသေဆုံးခဲ့တယ်လို့လည်း ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ကတော့ စစ်ကိုင်းတိုင်း အတွင်းရှိ ကောလင်း၊ ဝန်းသိုနဲ့ ပင်လယ်ဘူးမြို့နယ်တွေမှာ ဇွန်လ ၉ ရက်က ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့ပြီး ကနဦး အစီရင်ခံစာအရ ကောလင်းမြို့နယ်တခုထဲမှာ လူဦးရေ ၂၅,၀၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရေကြီး၊ ရေလျှံမှုကြောင့် လမ်းတွေ၊ တံတားတွေနဲ့ စိုက်ပျိုးမြေတွေ ပျက်စီးထိခိုက်မှုရှိခဲ့ တယ်လို့ လည်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013