DVB Logo
Home
မြန်မာသတင်း
မိုးသန်းထည်စွာရွာသွန်းမှုကြောင့် လှည်းကူးတွင် လယ်မြေများနှင့် အိမ်များ ရေနစ်မြုပ်
DVB
·
June 13, 2016
မိုးသန်းထည်စွာရွာသွန်းမှုကြောင့် လှည်းကူးတွင် လယ်မြေများနှင့် အိမ်များ ရေနစ်မြုပ်
1 / 5
Donate to DVB

ဒီနေ့ မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စာဘူးတောင်းအုပ်စု  ဖောင်ကြီးကနေ ပဲခူးကို သွားတဲ့ လမ်းမကြီးနဲ့ လမ်းဘေးရှိ အိမ်တွေ လယ်တွေ ရေနစ်မြုပ်နေပါတယ်။

ဆည်မြောင်းဌာနက ဝါးတလည့်ချောင်းကို ပိတ်လိုက်တဲ့အတွက် ရေထွက်ပေါက်ပိတ်ပြီး ရေတွေ လျှံတက်လာကာ နန်းတိအုပ်စုဖြစ်တဲ့ ဇလုပ်ကြီးကျေးရွာနဲ့ အောက်ပိုင်းကျေးရွာများ ရေကြီး နေတာပါ။

အဲဒီကျေးရွာအုပ်စုမှာ လယ်ဧက ၁၀၀ ကျော်နဲ့ စိုက်ခင်းပျိုးခင်းတွေ ပျက်စီးကုန်ပါတယ်။ အခုချိန်မှာ လယ်သမားတွေ ထွန်ယက်ချိန်ဖြစ်လို့ စိုက်ပျိုးစရိတ်ချေးငွေချေးပြီး လယ်လုပ်နေတာ အခုတော့ ရေနစ်ကုန်ပါပြီလို့ လယ်သမား ကိုခင်မောင်လွင်က ပြောပါတယ်။

ဒါ့အပြင် လှည်းကူးမြို့နယ် အောက်ပိုင်းဖြစ်တဲ့ ချောင်းရိုး၊ မလစ်၊ အဝိုင်း၊ ဖိုးရင်လေး၊ ရှမ်းရွာ၊ ဘာလားတောင်ပိုင်း၊ ဘာလားမြောက်ပိုင်း၊ ကျေးရွာတွေမှာလည်း ရေကြီးမှုတွေဖြစ်နေပါတယ်။

လှည်းကူးမြို့မှာ ၅၇ အုပ်စုရှိပြီး နှစ်စဉ် ရေကြီးရေလျံမှုနှင့် ငမိုးရိပ်ချောင်းရေမြင့်တက်မှုကြောင့် လယ်ဧက ၅၀၀၀ ကျော်ရေနစ်မြုပ်တယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ဦးညိုထွန်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013