DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးကျန်းမာရေးစောင့်ရှောက်မှု ဖုန်းဆက်အကူအညီတောင်းနိုင်
DVB
·
June 13, 2016
သဘာဝဘေးကျန်းမာရေးစောင့်ရှောက်မှု ဖုန်းဆက်အကူအညီတောင်းနိုင်
Donate to DVB

သဘာဝဘေးအန္တရာယ်ဖြစ်ပွားကျရောက်မှုတွေကြောင့်အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်ပါက ဆက်သွယ်အကူအညီတောင်းခံနိုင်တဲ့ ဖုန်းနံပါတ်တွေကို သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန သဘာဝဘေးပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေတုံ့ပြန်ဆောင်ရွက်ရေးဌာနခွဲ ဖုန်းနံပတ် ၀၆၇ - ၄၂၀၈၆၉၊ ၀၆၇ - ၄၂၀၈၈၅ နဲ့ ညွှန်ကြားရေးမှူးဖုန်း - ၀၆၇ - ၄၂၀၂၆၈၊ ၀၆၇ - ၄၂၀၈၀၂ တွေကို ဆက်သွယ်အကူ အညီတောင်းခံနိုင်တာ ဖြစ်ပါတယ်။

အလားတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနကလည်း သဘာဝ ဘေးဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်ပြီး သတင်းပေးပို့လိုပါက Hotline ဖုန်းနံပါတ် ၀၆၇-၄၀၄၆၆၆နဲ့ (၀၆၇-၄၀၄၇၇၇) တို့ကို သတင်းပေးပို့ဆက်သွယ်ကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။

လတ်တလော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ လေပြင်းတိုက်ခတ်၊ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုတွေကြောင့် ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013