DVB Logo
Home
လူမှုရေး
သီပေါမြို့ပေါ်က စစ်ပြေးဒုက္ခသည် ၃၀၀ ခန့်ပြန်ပို့
DVB
·
June 13, 2016
သီပေါမြို့ပေါ်က စစ်ပြေးဒုက္ခသည် ၃၀၀ ခန့်ပြန်ပို့
1 / 4
Donate to DVB

ပြီးခဲ့တဲ့ မေလက ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ မြန်မာ့တပ်မတော်နဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းတို့ကြား ဖြစ်ပွားခဲ့တိုက်ပွဲတွေကြောင့် သီပေါမြို့ပေါ် ထွက်ပြေးခိုလှုံခဲ့တဲ့ စစ်ပြေးဒုက္ခသည် ၃၀၀ ခန့်ကို ဒီကနေ့ သူတို့နေရပ်ဆီပြန်ပို့မယ်လို့ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက ပြောပါတယ်။

လတ်တလောမှာ တိုက်ပွဲတွေမဖြစ်တော့သလို၊ စိုက်ပျိုးချိန်ရောက်တာလို့ ပြန်ပို့တာလို့ ပြောပါ တယ်။

“ဘာကြောင့်ပြန်ပို့လဲဆိုတော့ အခုနယ်မြေလည်း နည်းနည်းတည်ငြိမ်လာပြီ။ နောက်သူတို့ရဲ့ စိုက်ပျိုးချိန်လည်း တအားကျော်နေပြီ။ သူတို့လည်းတအားပြန်ချင်တယ်။ နယ်မြေကလည်း စစ်ကြောင်း ၂ ကြောင်း ရှမ်းတပ်နဲ့ ဗမာ့တပ်မတော် ၂ တပ်စလုံးရှိမှ တိုက်ပွဲပြန်ဖြစ်နိုင်တဲ့ အခြေ အနေရှိတယ်လေ။ အခုက ရှမ်းတပ်က နောက်ဆုပ်ထားတာကြာပြီ။ မြန်မာ့တပ်မတော် စစ်ကြောင်းပဲ သူတို့ရွာထဲကိုဝင်လိုက်ထွက်လိုက် အဲလိုမျိုးဆိုတော့ တဖက်က မရှိဘူး။ တဖက်ပဲ ကျန်တယ်ဆိုရင် တိုက်ပွဲဆက်ဖြစ်နိုင်ဖို့ အခြေအနေ နည်းတယ်ပေါ့နော်။ အဲဒါကြောင့် ပြန်ပို့မှာပါ” လို့ နန်းစမ်းစမ်းအေးက ပြောပါတယ်။

ပြန်ပို့တဲ့အစီစဉ်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ အရပ်ဖက်အဖွဲ့အစည်း ရဲ့အစီအစဉ်နဲ့ လိုက်ပို့မှာဖြစ်ပြီး သူတို့ကို ရွာအရောက်ကားနဲ့လိုက်ပို့ဖို့ရှိပြီး ကျန်တဲ့စားနပ်ရိက္ခာ အတွက်လည်း ပြင်ဆင်ပေးတယ်လို့လည်း ပြောပါတယ်။

“အစားအသောက်ဆိုရင် ဆန်ရယ်၊ ဆီရယ်၊ အိုးတွေ ဒယ်အိုးတွေ ပြီးတောင် စောင်တွေကုန်လုံး တအိမ်ထောင်စုစီ ပြင်ဆင်ပေးထားတယ်။ ပြီးတော့ ငွေသားကိုလည်း တယောက်ကို ၁၈၀၀၀ ပေးတယ်။ နောက်ပြီး သူတို့ပြန်သွားတဲ့အချိန်မှာ ပျက်စီးဆုံးရှုံးတဲ့ဟာတွေကို စာရင်းမှတ်ပြီး ကျမတို့ဆီ ပြန်ပို့လာမယ်ဆိုရင် ကျမတို့ တတ်နိုင်တဲ့ ဖက်ကနေ ပြန်လည်ပံ့ပိုးမှာပေါ့နော်။ ပြီးတော့ တခြားအဖွဲ့အစည်းကိုလည်း အကူအညီတောင်းချင်ပါတယ်။ ပြန်လည်ထူထောင်ဖို့ကို ၀ိုင်းဝန်းကူညီပေးကြပါလို့။”

ဒီနေ့ခင်းပိုင်းကစလို့ ဒုက္ခသည် ၁၀၀ ကျော်ကို ရွာဆီပို့ဆောင်နေပြီး ကျန်ရှိနေသူတွေကို မနက်ဖြန်မှာ ပို့မယ်လို့လည်း နန်းစမ်းစမ်းအေးက ပြောပါတယ်။

ရွာသားတွေကို ပြန်ပို့ပေမယ့် ရွာသားတွေက် လုံခြုံမှု အာမခံချက်၊ စစ်ဖြစ်ခဲ့လို့ ဒေသတွင်း မိုင်းအန္တာရာယ်တွေ ရှိနိုင်မလား စတာတွေကိုတော့ စစ်ဆေးတာမရှိခဲ့ပါဘူး။ သို့ပေမယ့် သတိထားဖို့တော့ မှားကြားထားတယ်လို့ ပြောပါတယ်။

“မိုင်းအန္တရာယ်တွေ သူတို့ရဲ့ကျေးရွာတ၀ိုက်၊ ရွာထဲမှာတော့ ကျမတို့လည်းမသိဘူးပေါ့။ ရွာထဲမှာ ထောင်ထားဖို့တော့ မဖြစ်နိုင်ဘူးထင်တယ်။ ရွာဘေးပတ်လည်ကို မသွားဖို့နဲ့ အကယ်၍ ထူးဆန်း ပစ္စည်းတွေမြင်ရင်လည်း မကိုင်ဖို့တော့ မှာထားတယ်။”

လက်ရှိပြန်တဲ့ဒုက္ခသည်တွေဟာ သီပေါမြို့ ဘိုးတော်ဘုန်းကြီးကျောင်းနဲ့ မြို့ဟောင်း ဘုန်းကြီးကျောင်းတွေမှာ ခိုလုံနေထိုင်ကြသူတွေဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ကတည်းက အဲဒီနေရာကို လာရောက်ခိုလှုံခဲ့တာဖြစ်ပါတယ်။

သူတို့တွေဟာ နားတုန်နဲ့ တိန်းဟိုင်းရွာက ရွာသူရွာသားတွေဖြစ်ကြပြီး ပြီးခဲ့တဲ့ မေလလယ် လောက်ကသူတို့ရွာနားမှာ လက်နက်ကြီးကျသလို စစ်လေယာဉ်တွေလည်း ရောက်လာတဲ့ အတွက် မနေရဲလို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013