DVB Logo
Home
မြန်မာသတင်း
ကျောင်းဆရာ၊ ဆရာမများ၏ လစာကို ATM ကတ်များဖြင့် ပေးချေတော့မည်
DVB
·
June 13, 2016
ကျောင်းဆရာ၊ ဆရာမများ၏ လစာကို ATM ကတ်များဖြင့် ပေးချေတော့မည်
Donate to DVB

ပညာရေးဌာနက ဆရာ၊ ဆရာမတွေရဲ့လစာကို ATM ကတ်တွေနဲ့ ပေးချေသွားဖို့အတွက် ရန်ကုန်မြို့က ကျောင်းငါးကျောင်းမှာ စမ်းသပ်အသုံးပြုသွားဖို့အတွက် ပြင်ဆင်နေပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ ရာစီမံချက်ထဲမှာပါတဲ့ အချက်တခုဖြစ်တဲ့ ဆရာ၊ ဆရာမ တွေရဲ့ဝန်ထမ်းလစာ အပြည့်အဝ ရရှိဖို့အတွက် ပညာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက လမ်းညွန်ချက်တာကြောင့် အခုလိုဆောင်ရွက်တာဖြစ်တယ်လို့ ဗဟန်းမြို့နယ် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးက ဆိုပါတယ်။

ရန်ကုန်မြို့တွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေထဲက စမ်းချောင်းမြို့နယ်၊ လသာမြို့နယ်၊ ဗဟန်းမြို့နယ်တွေမှာရှိတဲ့ စာသင်ကျောင်းတွေမှာစတင် အသုံးပြုသွားမှာဖြစ်ပြီး ကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက် အသုံးပြုထားတာဖြစ်တယ်လို့ ပြောပါတယ်။

အခုလို ATM ကတ်တွေအသုံးပြုပြီး လစာထုတ်ခွင့်ပေးတာကြောင့် ဆရာ၊ ဆရာမတွေအနေနဲ့ လစာငွေကို အပြည့်အဝအသုံးပြုခွင့်ရမယ့်အပြင် အချိန်ကုန်၊ လူပန်းသက်သာစေမှာဖြစ်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013