DVB Logo
Home
မြန်မာသတင်း
ပြည်နယ်တိုင်း ၅ ခု ရေကြီးမှုအန္တရာယ်ရှိဟု ဦးထွန်းလွင် သတိပေး
DVB
·
June 12, 2016
ပြည်နယ်တိုင်း ၅ ခု ရေကြီးမှုအန္တရာယ်ရှိဟု ဦးထွန်းလွင် သတိပေး
1 / 3
Donate to DVB

ပြည်နယ်တိုင်း ၅ ခု ရေကြီးနိုင်လို့ ရေကြီးမှုအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ကြဖို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ရေကြီးနိုင်တယ်လို့ သူက ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေလို့ မြန်မာတနိုင်ငံလုံး မိုးများနေပြီး ရေကြီးနေတာ ဖြစ်ပါတယ်။

အရှေတောင်အာရှနိုင်ငံတွေအနက် မြန်မာတနိုင်ငံတည်း မိုးကောင်းနေတာဖြစ်ပြီး ၂၄ နာရီအတွင်း မိုးရေချိန် ၇ လက်မအထက် ရွာခဲ့တဲ့ဒေသတွေ များခဲ့ပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်း အနောက်တောင်ပိုင်း၊ ပဲခူးတိုင်းအနောက်မြောက်ပိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်းစတဲ့ ဒေသတွေမှာ မိုးရေချိန် ၇ လက်မအထက် ရွာသွန်းခဲ့ပါတယ်။

13411946_1318744071473495_418958295254265655_oဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ မိုးရေချိန် ၃ လက်မကနေ ၅ လက်မအထိ ရွာခဲ့ပြီး ချင်းပြည်နယ်၊ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းတို့မှာ မိုးရေချိန် ၁.၅ လက်မမှ ၃ လက်မအထိ ရွာခဲ့ပါတယ်။

မိုးလေ၀သဌာနရဲ့ ထုတ်ပြန်ချက်အရတော့ ဇွန် ၁၁ ရက်မှာ ဂွမြို့နဲ့ ရေးမြို့တို့မှာ ၉.၃၀ လက်မ၊ မော်လမြိုင်မြို့မှာ ၄.၇၂ လက်မ၊ ဇောင်းတူမြို့မှာ ၄.၁၇ လက်မ၊ သံတွဲမြို့မှာ ၄.၀၆ လက်မ၊ ပုသိမ်မြို့မှာ ၄.၀၂လက်မ၊ စစ်တွေမြို့မှာ ၃.၆၂ လက်မ၊ ဘားအံမြို့မှာ ၃.၄၆ လက်မ၊ပဲခူးမြို့မှာ ၃.၃၉ လက်မ၊ ရန်ကုန်(ကမ္ဘာအေး)မှာ ၃.၂၇ လက်မနှင့် ထားဝယ်မြို့မှာ (၃.၀၃) လက်မတို့ အသီးသီး ရွာသွန်းခဲ့ပါတယ်။

13392106_1318744011473501_1352087155058471416_oဒါ့အပြင် ရခိုင်ပြည် နယ်၊ကျောက်ဖြူမြို့ မှာ နှစ်ပေါင်း ၅၀ ကျော် အတွင်း ဇွန် ၁၁ ရက်က မိုးရေချိန် ၁၄.၆၈ လက်မ၊ ပဲခူးတိုင်း၊ ညောင်လေးပင်မှာ ၁၆ နှစ်အတွင်း ၇.၈၀ လက်မ၊ ကြို့ပင်ကောက်မှာ ၆.၄၉၊ ပြည်မှာ ၅.၉၀၊ အောင်လံမှာ ၃.၈၂ လက်မတို့နဲ့ အဲ့ဒီမြို့တွေရဲ့ မိုးရေချိန်မှာ စံချိန်သစ်တင် ရွာသွန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013