DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ကလေးအလုပ်သမား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေဆဲဟု ကုလပြော
DVB
·
June 12, 2016
မြန်မာတွင် ကလေးအလုပ်သမား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေဆဲဟု ကုလပြော
Donate to DVB

မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ (UNICEF) နဲ့   မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့က ထုတ်ပြန်ကြေညာပါတယ်၊

ဇွန် ၁၂ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့နဲ့ တိုက်ဆိုင်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာပြည်မှာ ကလေးအလုပ်သမားတွေ မပျောက်ရတဲ့အကြောင်းရင်းတွေက ဆင်းရဲမွဲတေမှု၊ ပညာမတတ်တာတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ထောင်ပေါင်းများစွာရှိတဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေဟာ လယ်ယာလုပ်ငန်းတွေ၊  ဥယျာဉ်ခြံမြေတွေ၊  စက်ရုံတွေ၊ အိမ်တွင်းလုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေနဲ့ လမ်းမပေါ်တွေပေါ်မှာ နေ့တိုင်း အလုပ်လုပ်ကိုင်နေကြရဆဲဖြစ်ပြီး အချို့ကလေးတွေကတော့ စစ်မက်ဖြစ်နေတဲ့ ဒေသတွေမှာ အလုပ်လုပ်ကိုင်နေကြရတယ်လို့ ထုတ်ပြန်ချက်မှာ aဖ်ာပြထားပါတယ်။

UNICELF ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံက အသက် ၁၀ နှစ် နဲ့ ၁၇ နှစ်အတွင်းမှာရှိတဲ့ ကလေးသူငယ် ၁.၅ သန်း ကျော်ဟာ အလုပ်လုပ်ကိုင်နေရပြီး အလယ်တန်းအဆင့် ကျောင်းနေအရွယ်ကလေးငယ် ထက်ဝက်ကျော်ဟာ ကျောင်းကနေ နုတ်ထွက်နေကြရတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ကလေးသူငယ်တွေအတွက် ဥပဒေအရ အကာအကွယ် ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013