DVB Logo
Home
မြန်မာသတင်း
မြို့နယ်ရပ်ကျေး ဖွံ့ဖြိုးရေးကော်မတီများ သမ္မတအမိန်ဖြင့် ဖျက်သိမ်း
DVB
·
June 11, 2016
မြို့နယ်ရပ်ကျေး ဖွံ့ဖြိုးရေးကော်မတီများ သမ္မတအမိန်ဖြင့် ဖျက်သိမ်း
Donate to DVB

သမ္မတ ဦးထင်ကျော် အမိန့်နဲ့  မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီတွေကို ဖျက်သိမ်းလိုက်ပါတယ်။

ဇွန် ၁၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ သမ္မတရဲ့ အမိန့်ကြော်ငြာစာထဲမှာ မြို့နယ်နဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီတွေ ဖွဲ့စည်းရန် တာဝန်ပေးအပ်ခြင်းကို ဖျက်သိမ်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။

သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကတော့ ဖွံ့ထောက်ကော်မတီတွေ လတ်တလော မလိုအပ်သေးလို့ ဖျက်သိမ်းပစ်တာလို့ ပြောပါတယ်။

“အဲ့ဒါတွေ ဖွဲ့စည်းခဲ့တာ အရင် အစိုးရအစီအစဉ်ဖြစ်တယ်၊ အခု အစိုးရလက်ထက်ကျတော့ ဒါကိုပြန်ပြီး သုံးသပ်တယ်၊ သုံးသပ်ပြီးတဲ့အခါကျတော့ ဖွံ့ထောက်ကော်မတီတွေ လောလောဆယ် မလိုအပ်သေးဘူး၊ အဲ့ဒါနဲ့ပတ်သက်ပြီး သီးခြား ပြန်စဉ်းစားမယ်။”

မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာ ဖွံ့ဖြိုးတက်ရေးကော်မတီတွေကို ၂၀၁၃ ခုနှစ်က ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး အဖွဲ့မှာ အုပ်ချုပ်ရေးမှူး၊ စည်ပင်၊ တတ်သိပညာရှင်တွေနဲ့ ရပ်မိရပ်ဖတွေ ပါဝင်ပါတယ်။

သီပေါမြို့နယ်အမတ်ဟောင်း ဦးရဲထွန်းက အဲ့ဒီဖွံ့ထောက်ကော်မတီမှာ ကော်မတီကို ခေါင်းဆောင်တဲ့ အုပ်ချုပ်ရေးမှူး လုပ်ချင်တာကို အဖွဲ့ဝင်တွေက ၀န်းရံပေးရပြီး တကယ်တမ်း အလုပ်မဖြစ်ဘူးလို့ ပြောပါတယ်။

“ဗျုရိုကရေစီယန္တရားထဲက အုပ်ချုပ်ရေးမှူးကို ၀န်းရံတဲ့ အနေအထားပဲ ဖြစ်ပြီးတော့ ဒါနဲ့ပတ်သက်ပြီး ရွေးကောက်တင်မြှောက်ပုံတွေကလည်း စနစ်တကျ မရှိ၊ ဥပဒေနဲ့ ပြဋ္ဌာန်းထားတာ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ တချို့နေရာတွေမှာ အုပ်ချုပ်ရေးမှူတွက သူတို့နဲ့ နားလည်မှု ရှိထားတဲ့ မြို့က မျက်နှာကြီးအသိုင်းအ၀ိုင်းတွေပဲ ဖိတ်ပြီးတော့ အဲ့ဒီကော်မတီဖွဲ့တယ်၊ လုပ်ငန်းတွေ ဘာတွေ ရှိရင် ဝေစားမျှစားပေါ့၊ တကယ့်အာဏာ ပိုင်လည်းမဟုတ်၊ ထိထိရောက်ရောက်လည်း မလုပ်နိုင်၊ အဲ့သလိုတွေဖြစ်တာ။”

နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး သုတေသီ ဦးအောင်သူငြိမ်းကတော့ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွေကို ဒေသခံလူထုက ရွေးကောက်တင်မြှောက်တဲ့ ပုံစံမျိုးနဲ့ ဖွဲ့စည်းလုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

“ရေရှည်အတွက် ဖြစ်သင့်တာကတော့ ဒီမိုကရေစီဒေသန္တရ အုပ်ချုပ်ရေးဥပဒေ ဆိုတာမျိုး ပြဋ္ဌာန်းသင့်တယ်။ ဒါပေမယ့် ဒါက အချိန်ယူရမယ့်သဘော ရှိပါတယ်။ အဲ့ဒီတော့ လတ်တလောမှာ အရင် ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ ပုံစံမျိုးကို သူတို့ကို ရွေးချယ်တင်မြှောက်တဲ့ ပုံစံမှာ ပိုစနစ်ကျအောင် လုပ်ပေး၊ ဒါမျိုးဆိုရင် ပိုပြီးတော့ ကိုယ်စားပြုမှု ကောင်းလာနိုင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013