DVB Logo
Home
မြန်မာသတင်း
နော်ဝေနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ပုံတူကြေးရုပ် ထုလုပ်ပြီးစီး
DVB
·
June 11, 2016
နော်ဝေနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ပုံတူကြေးရုပ် ထုလုပ်ပြီးစီး
Donate to DVB

နော်ဝေနိုင်ငံ၊ ဖရိုလန်းမြို့ရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ ထားရှိမယ့် ဒေါ်စုပုံတူကြေးရုပ် ထုလုပ်ပြီးစီးသွားပြီဖြစ်ပြီး အဲ့ဒီပုံတူကြေးရုပ်ကို လာမယ့် ဇွန် ၁၉ ရက်နေ့ ဒေါ်စုမွေးနေ့ ပန်းခြံဖွင့်ပွဲမှာ ပြသသွားဖို့ ပြင်ဆင်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပုံတူကြေးရုပ်ကို ထုလုပ်ခဲ့တဲ့ ဗိသုကာပညာရှင် Magnar Kgeldsmo မာ့ရှ်နားရှဲစမိုးက ဇွန် ၅ ရက်မှာ ဒေါ်စုပန်းခြံဖြစ်မြောက်ရး ကော်မတီထံ လွှဲပြောင်းပေးခဲ့တယ်လို့ အစိုးရပိုင် ကြေးမုံသတင်းစာမှာ ရေးသားဖော်ပြပါတယ်။

အလျား ၂၀ စင်တီမီတာ၊ အနံ ၁၅ စင်တီမီတာနဲ့ အမြင့် ၄၀ စင်တီမီတာရှိတဲ့ ဒေါ်စုပုံတူ ကြေးရုပ်ကို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအလယ်မှာ နော်ဝေ-မြန်မာ နှစ်ဘာသာနဲ့ ကိုယ်ရေးအကျဉ်း ကမ္ပည်းထိုး ထားရှိမယ်လို့ သတင်းက ဆိုပါတယ်။

နော်ဝေက ဒေါ်အောင်ဆန်းစုကြည်ပန်းခြံဖွင့်ပွဲအခမ်းအနားကို ဒေါ်စု တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် အလုပ်များလို့ မတက်ရောက်နိုင်တဲ့အကြောင်း ပြန်ကြားထားပြီး သူ့သဘောထားကို သ၀ဏ်လွှာတစောင်ပေးပို့ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013