DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ကြေးနီစီမံကိန်းကို သွားရောက်လေ့လာ
DVB
·
June 10, 2016
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ကြေးနီစီမံကိန်းကို သွားရောက်လေ့လာ
1 / 12
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န်ကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ ဒီကနေ့ သွားရောက်လေ့လာခဲ့ပါတယ်။

ဒီခရီးစဉ်မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ရေး ကော်မရှင်ဖွဲ့ရဲ့ အကြံပေးချက်တွေ အကောင်အထည်ဖော်မှုနဲ့ ပတ်သက်လို့ သွားရောက်လေ့လာခဲ့တာလို့ ၀န်ကြီး ချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးသန်းဌေးက ပြောပါတယ်။

“လက်ပံတောင်းခရီးစဉ်က သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးရဲ့ ခရီးစဉ်ပါ။ သူတို့က စီမံကိန်းနဲ့ပတ်သက်လို့ အကြံပြုချက် ၄၂ ချက် အကောင်အထည်ဖော်မှု နဲ့ပတ်သက်ပြီး ပြည်တောင်စုဝန်ကြီးက သွားကြည့်တာပါ။ ကျနော်တို့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်အနေနဲ့ကတော့ လက်ရှိသူ တာဝန်ယူပြီးကတည်းက လက်ပံတောင်းဒေသကို တခါမှလည်း မရောက်ဖူးသေးဘူး။ အထဲမှာ လုပ်တာကိုင်တာတွေလည်း မမြင်ဖူးသေးဘူး ဆိုတော့ လိုက်ပြီးတော့ လေ့လာတဲ့ သဘောပါ။ ”

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န်ကြီးရုံး ညွှန်ကြားရေးမှူး ဦးကျော်ဇောကတော့ ဒီခရီးစဉ်ဟာ အစိုးရအဖွဲ့သစ်နေနဲ့ သွားရောက်လေ့လာတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ပြောပါတယ်။

“အစိုးရသစ်လက်ထဲမှာ လက်ပံတောင်းတောင်ကိုလည်းသူက ကျနော်တို့ဖွဲ့ထားတဲ့ အဖွဲ့နဲ့ပြောရရင်တော့ ပုံမှန်လုပ်ငန်းသွားကြည့်တာပါပဲ။ နောက်အဲဒီမှာ ဆန္ဒပြတာတွေ ဘာတွေ လည်း ထပ်ဖြစ်တာတွေလည်းရှိတယ်လေ။ အဲဒီအတွက်ကို ကျနော်တို့ ပုံမှန်လုပ်ငန်း အစည်း အဝေး သွားလုပ်တာလည်းပါပါတယ်ဗျာ။ ”

ဒီခရီးစဉ်မှာတော့ လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းထဲကိုသာ သွားရောက်လေ့လာခဲ့ပြီး ဒေသခံပြည်သူတွေနဲ့တော့ တွေ့ဆုံမှုမလုပ်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒေသံတွေကန့်ကွက်ဆန္ဒပြ မှုတွေ လုပ်ဆောင်ခဲ့ပြီး ကန့်ကွက်မှုတွေကြောင့် တင်းမာမှုတွေရှိနေခဲ့ပါတယ်။

ကြေးနီစီမံကိန်းက စွန့်ပစ်မြေစာတွေကို လျော်ကြေးမယူပဲ သိမ်းထားတဲ့ မြေနေရာတွေမှာ စွန့်ပစ်နေ တယ်ဆိုပြီး ဒေသခံတွေ ကန့်ကွက်နေတဲ့အတွက် အာဏာပိုင်တွေနဲ့လည်း ထိပ်တိုက်ရင်ဆိုင်မှုတွေ ကြုံနေရတာပါ။

လက်ပံတောင်းတောင်ကြေးနီး ဒီစီမံကိန်းကို အရင်တုန်းကတော့ ကုမ္ပဏီ ၂ ခု ဖြစ်တဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွာရေး ဦးပိုင်ကုမ္ပဏီလီမိတက်တို့ကသာ အကျိုးအမြတ် ခွဲဝေယူခဲ့ပြီး အစီရင်ခံစာထွက်အပြီးမှတော့ စာချုပ်ပြန်လည် ချုပ်ဆိုကာ မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်က ၁၉ ရာခိုင်နှုန်းနဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း အကျိုးအမြတ်ခွဲဝေယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်တုန်းကတော့ စီမံကိန်းကို ကန့်ကွက်ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တာကြောင့် သံဃာအပါး ၁၀၀ လောက်ဟာ မီးလောင်ဒဏ်ရာတွေ ရခဲ့တာပါ။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ရေး ကော်မရှင် ဖွဲ့စစ်ဆေးခဲ့ပြီး အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - ရန်နိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013