DVB Logo
Home
မြန်မာသတင်း
အင်းစိန်ဂျီတီအိုင် ပညာရေးဌာနပြန်ယူပြီး ကျောင်းဖွင့်ရန် စီစဉ်
DVB
·
June 10, 2016
အင်းစိန်ဂျီတီအိုင် ပညာရေးဌာနပြန်ယူပြီး ကျောင်းဖွင့်ရန် စီစဉ်
Donate to DVB

အင်းစိန် ဂျီတီအိုင်ကျောင်းကို ပညာရေးဝန်ကြီးဌာနက ပြန်လွှဲယူပြီး ကျောင်းပြန်ဖွင့်ဖို့ လုပ်ဆောင်နေပြီလို့ ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အတွင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောလိုက်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အတွင်း ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးရဲ့ အင်းစိန် စက်မှုလက်မှုသိပံ္ပ ဂျီတီအိုင်ကျောင်းကို ပြန်လည်ဖွင့်လှစ်ဖို့ အစီအစဉ် ရှိ မရှိ သိလိုကြောင်း မေးခွန်းကို ဖြေကြားရင်း သူက ပြောလိုက်တာ ဖြစ်ပါတယ်။

“ယခု အစိုးရသစ်လက်ထက်တွင်း အင်းစိန်ဂျီတီအိုင်အား မူလအတိုင်း နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေး သင်တန်းများ ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်၊ ပညာရေးဝန်ကြီးဌာန ၀န်ကြီးရုံးမှ ၂၀၁၆ ခုနှစ်၊ မေလ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတရုံးသို့ အင်းစိန်ဂျီတီအိုင် မြေဧက ၄၁ ဒသမ ၉၉၇ ဧကနှင့် ယင်းမြေပေါ်ရှိ အဆောက်အဦများအား ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီလက်အောက်မှ ပညာရေးဝန်ကြီးဌာနသို့ အဆင့်လိုက် ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ပါရန် တင်ပြစီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။”

၁၉၀၈ ခုနှစ်က စတင်တည်ဆောက်ခဲ့တဲ့ အင်းစိန်ဂျီတီအိုင်ကျောင်းဟာ သက်တမ်း နှစ်ပေါင်း ၁၂၀ ကျော် ရှိပြီဖြစ်ပါတယ်။

ဒီကျောင်းကို ၂၀၀၇ ခုနှစ်မှာ သိပံ္ပနဲ့နည်းပညာ ၀န်ကြီးဌာနက ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီထံ လွှဲပြောင်းပေးခဲ့ပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးပါ သံဃာတော်တွေနဲ့ တက်ကြွလှုပ်ရှားသူ ကျောင်းသားကျောင်းသူတွေကို ဖမ်းဆီးထိန်းချုပ်စစ်ဆေးတဲ့ ကျောင်းကြီးလည်း ဖြစ်ခဲ့ပါတယ်။

တခါ ကျောင်းဝင်းအတွင်း မြို့တော်စည်ပင်ဝန်ထမ်းအိမ်ရာတွေ၊ ကားအရောင်းခန်းမတွေ၊ ရဲတပ်ရင်းရုံးခန်းတွေလည်း ဖွင့်လှစ်ခဲ့ကြပါတယ်။

ဒါပေမယ့် အင်းစိန် ဂျီတီအိုင်ကျောင်းဝင်းထဲမှာ စာသင်ခန်းတွေ၊ ကျောင်းဆောင်တွေ၊ ကစားကွင်းတွေလည်း ကျန်ရှိနေသေးတာမို့ ကျောင်းပြန်ဖွင့်နိုင်မယ့် အနေအထား ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013