DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် လေဆင်နှာမောင်းတိုက်ခတ်၊ နေအိမ် ၃၆ လုံးပျက်စီး
DVB
·
June 10, 2016
မင်းပြားတွင် လေဆင်နှာမောင်းတိုက်ခတ်၊ နေအိမ် ၃၆ လုံးပျက်စီး
1 / 16
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ဇွန် ၉ ရက်နေ့ မွန်းလွဲပိုင်းက မိုးသည်းစွာရွာသွန်းပြီး လေဆင်နှာမောင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၃၆ လုံး ပျက်စီးသွားကာ လူ ၁၆၉ ဦး အိုးအိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

မင်းပြားမြို့နယ်၊ သာယာကုန်းအုပ်စု ကျောက်ခုတ်ကျေးရွာမှာ လေဆင်နှာမောင်း တိုက်ခတ်သွားတာဖြစ်ပြီး ဒုက္ခသည်တွေဟာ ကျေးရွာဘုန်တော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရကာ ကလေးငယ်တဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ခုတ်ကျေးရွာအုပ်ရေးမှူး ဦးမောင်ဖြူက ဒီဗွီဘီကို ပြောပါတယ်။

“ဟုတ်ကဲ့ မနေ့က ၁၂း၃၀ မှာ လေဆင်နှာမောင်းတိုက်တာပါ။ အရမ်းကိုကြောက်ဖို့ ကောင်းပါတယ်။ အိမ်ခြေက ၃၆ လုံးရယ်၊ အိမ်ထောင်စု ၃၈ စုက လူဦးရေ ၁၆၉ ဦး အိုးမဲ့အိမ်မဲဖြစ်သွားပါတယ်။ နောက်ပြီး အသက် ၁၁ အရွယ်ကလေးမတစ်ယောက် ပြင်းထန်ဒဏ်ရာရပါတယ်။ အခုအခြေအနေက သူတို့တွေ စာသင်ကျောင်းမှာ တ၀က်နဲ့ ကျေးရွာဘုန်းတော်ကြီး ကျောင်းမှာ တ၀က်ထားပါတယ်။ ကျေးရွာမှာရှိတာတွေကို ဝေငှပြီး စားသောက်နေရပါတယ်။ အရေး တကြီးကတော့ ကယ်ဆယ်ရေးတွေ လိုနေပါတယ်။”

မင်းပြားမြို့ ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးသိန်းဇံက “အဲ့ဒီရွာမှာ တော်တော်လေးကို ပျက်စီးသွားတာပေါ့လေ။ ပျက်စီးသွားတာကို အထက်ကိုတင်ပြထားပါတယ်။ လက်တလော အဆင်ပြေစားသောက်နိုင်အောင် ကယ်ဆယ်ရေးတွေလုပ်ပေးဖို့ ကျနော်တို့ မင်းပြားမြို့နယ်က အသင်းတွေရယ်၊ လူမှုအဖွဲ့အစည်းတွေက လုပ်ဆောင်နေပါတယ်။ ဒီကနေ့ ၁၂ နာရီမှာ ကယ်ဆယ်ရေးတဖွဲ့ သွားဖို့ရှိနေပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ပူးပေါင်းပြီး အစိုးရထံမှာ အစီအရင်ခံစာတင်ပြထားကာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကို အကူအညီတောင်းခံထားတယ်လို့ပြောပါတယ်။

လက်ရှိမှာတော့ မင်းပြားမြို့နယ် ကျန်းမာရေးဌာနကလည်း အဲဒီကျေးရွာကို ရောက်ရှိနေပြီး ဒဏ်ရာရသူတွေကို ကုသပေးနေတယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ၀ဏ္ဏခွာညို

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013