DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ၀က်ဆိုက်တွင်လည်း ကြည့်နိုင်မည်
DVB
·
June 10, 2016
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ၀က်ဆိုက်တွင်လည်း ကြည့်နိုင်မည်
Donate to DVB

ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ လာမယ့် ဇွန်လ ၁၁ ရက်၊ စနေနေ့ မနက် ၆ နာရီအချိန်မှာ www.myanmarexam.org ၀က်ဆိုက်ကတဆင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးရှိ စာစစ်ဌာနအလိုက် ထုတ်လွှင့်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေကြောင်း အသိပေး သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီဝက်ဆိုက်မှာ အခုလောလောဆယ်မှာတော့ ၂၀၁၆ တက္ကသိုလ်ဝင် အောင်စာရင်း ထုတ်ပြန်ဖို့ အချိန်ဘယ်နှစ်နာရီ လိုသေးကြောင်းကို Timer နဲ့ ပြသထားပါတယ်။

ဒါ့အပြင် ၂၀၁၆ တက္ကသိုလ်ဝင်အောင်စာရင်းတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် မြို့နယ်အလိုက် အများပြည်သူ အလွယ်တကူ ကြည့်ရှုနိုင်အောင် ပညာရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတခုဖြစ်တဲ့ www.facebook.com/moe.gov.mm ကနေလည်း ထုတ်ပြန်သွားဖို့ စီစဉ်ထားပါတယ်။

မြန်မာတနိုင်ငံလုံးရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက မြို့နယ်အသီးသီးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာပေးရန် Album များအားလုံး တည်ဆောက်ထားပြီး အောင်စာရင်းထွက်ချိန် ဇွန်လ ၁၁ ရက် မနက်ပိုင်းကျရင် ဒေသအလိုက် Album တွေမှာ ၀င်ရောက်ကြည့်ရှုနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013