DVB Logo
Home
မြန်မာသတင်း
မီးလောင်မင်္ဂလာဈေးသစ် ပြန်ဆောက်မည့်ကိစ္စ လွှတ်တော်၌ရှင်းလင်း
DVB
·
June 9, 2016
မီးလောင်မင်္ဂလာဈေးသစ် ပြန်ဆောက်မည့်ကိစ္စ လွှတ်တော်၌ရှင်းလင်း
Donate to DVB

မီးလောင်ပျက်စီးသွားတဲ့ မင်္ဂလာဈေးကို အသစ်ပြန်တည်ဆောက်ဖို့ ရန်ကုန်တိုင်းလွှတ်တော်ကတဆင့် ရန်ကုန်တိုင်းအစိုးရအဖွဲထံတင်ပြ ဆုံးဖြတ်ချက်ရယူပြီး အမြန်ဆုံးအကောင်အထည်ဖော်မယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မင်္ဂလာတောင်ညွန့်အမတ် ဒေါ်ဖြူဖြူသင်းက မင်္ဂလာဈေးသစ် ပြန်လည်တည်ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်လို့  မေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီးက လာရောက်ရှင်းလင်းဖြေကြားသွားတာလို့ ပြည်သူ့လွှတ်တော်က သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အဆင့်မြင့်မင်္ဂလာဈေးကြီးဟာ ခုနှစ်ဆန်းပိုင်း ဇန်နဝါရီ ၉ ရက်က မီးလောင်ကျွမ်းခဲ့ရာ တတိယထပ်မှ ခေါင်မိုးထပ်ထိ ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်းမီးလောင်ဆုံးရှုံးခဲ့တာပါ။

အဆင့်မြင့်မင်္ဂလာဈေးကို ပြန်လည်တည်ဆောက်နိုင်ဖို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရဲ့ အစီရင်ခံစာပါ  အချက်အလက်တွေအပေါ်အခြေခံပြီး အသစ်ပြန်ဆောက်ဖို့နဲ့ အဟောင်းပြန်လည်မွမ်းမံဖို့ နည်းလမ်း နှစ်သွယ်ထဲက တခုရွေးဖို့ ဈေးသူဈေးသားတွေဆီကနေ မေလ ၁၆ ရက်က  ဆန္ဒမဲစနစ်နဲ့ သဘောထား ဆန္ဒခံယူခဲ့တယ်လို့ ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။

“ဈေးကို အသစ်ပြန်လည်တည်ဆောက်ရန် သို့မဟုတ် ဈေးအဟောင်းကို ပြန်လည်ပြုပြင် မွမ်းမံရန် ဈေးသူဈေးသားများထံမှ ဆန္ဒရယူခဲ့ရာ ဆိုင်ခန်းပေါင်း ၄၀၆၂ ခန်းရှိသည့်အနက် လာရောက် ဆန္ဒမဲပေးသည့်ဆိုင်ခန်း ၃၀၉၃ ခန်းတွင် အသစ်ပြန်လည်တည်ဆောက်ရန် ထောက်ခံသည့်ဆိုင်ခန်း ၁၇၅၀ ခန်း၊ အဟောင်းပြန်လည်ပြုပြင်မွမ်းမံရန် ဆန္ဒပြု ဆိုင်ခန်း ၁၃၃၀ ခန်းနှင့် ပယ်မဲဆိုင်ခန်း ၁၃ ခန်းဖြစ်၍ ဈေးအသစ်ပြန်လည်တည်ဆောက်ရန် ဆန္ဒပြုသူ ၅၆.၅ ရာခိုင်နှုန်း ရရှိခဲ့သည့်ဖြစ်၍ မင်္ဂလာဈေးကို ပြန်လည်တည်ဆောက်ရန် ဈေးသူဈေးသားများ၏ ဆန္ဒသဘောထားရရှိမှုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြဆုံးဖြတ်ချက် ရယူပြီး အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်။”

မင်္ဂလာဈေးကို ၁၉၉၈ ခု ဇူလိုင် ၅ ရက်မှာ  စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် မေလမှာ တကြိမ်၊ ၂၀၁၆ ဇန်နဝါရီမှာ တကြိမ် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးဘေးသင့် ဈေးသူဈေးသားတွေဟာ လတ်တလော မင်္ဂလာဈေးဝင်းအတွင်း ဖွင့်လှစ်ပေးထားတဲ့ ယာယီဈေးမှာ ရောင်းချနေကြရတာပါ။

မင်္ဂလာတောင်ညွန့်မြို့နယ် အန်အယ်လ်ဒီအမတ် ဒေါ်ဖြူဖြူသင်းကတော့ မင်္ဂလာဈေးက ဈေးသူဈေးသားတွေဟာ နွေရာသီနဲ့ မိုးရာသီအချိန်တွေမှာ အခက်အခဲတွေနဲ့ တွေ့ကြုံနေကြရပြီး ဈေးဆိုင်တွေ လုံခြုံမှုမရှိ ဖောက်ထွင်းခံရတတွေရှိနေသလို ဈေးကိုမှီခိုအားထားနေရတဲ့  မိသားစုတွေဟာလည်း အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့  လွှတ်တော်တော်မှာ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013