DVB Logo
Home
မြန်မာသတင်း
ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး၊ ဗန်းမောက်တို့တွင် ရုတ်တရက် ရေကြီး (သတင်းဓာတ်ပုံ)
DVB
·
June 9, 2016
ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး၊ ဗန်းမောက်တို့တွင် ရုတ်တရက် ရေကြီး (သတင်းဓာတ်ပုံ)
1 / 8
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး၊ ဗန်းမောက်မြို့နယ်တွေမှာ  မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးခြင်း ဖြစ်ပေါ်နေတယ်လို့ တိုင်းအစိုးရ အင်တာနက်စာမျက်နှာမှာ ဒီနေ့ရက်စွဲနဲ့ ဖော်ပြထားပါတယ်။

ကောလင်းမြို့ပေါ်မှာ ရေ ၂ ပေခန့်တက်နေပြီး ပင်လယ်ဘူးမြို့နယ် မြေလင်းရွာမှာ အိမ်တလုံးနဲ့ စာသင်ကျောင်း အုတ်တံတိုင်းများ ရေမျောပျက်စီးတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ပင်လယ်ဘူး - ကောလင်း ကားလမ်းမှာ တံတားတစင်း ရေတိုက်စားပြီး ပျက်စီးသွားတယ်၊ လူ အန္တရာယ်ထိခိုက်မှုတော့ မရှိဘူးလို့ သတင်းက ဆိုပါတယ်။

ဒါ့အပြင် မူးမြစ်အထက်ပိုင်းဒေသမှာ ရေကြီးနေလို့ သဖန်းဆိပ်ဆည်အထက် မူးမြစ်ကြောင်းတလျှောက် နေထိုင်သူများအနေနဲ့ ရုတ်တရက် ရေလျှံခြင်း၊ ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်လာနိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ တိုင်းအစိုးရက နှိုးဆော်ထားပါတယ်။

သတင်းဓာတ်ပုံ - ကောလင်းသူကောလင်းသားများစုဝေးရာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013