DVB Logo
Home
မြန်မာသတင်း
မော်ချီးဒေသ အန္တရာယ်ရှိနေရာများ သတိပေးထုတ်ပြန်
DVB
·
June 8, 2016
မော်ချီးဒေသ အန္တရာယ်ရှိနေရာများ သတိပေးထုတ်ပြန်
Donate to DVB

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသက သတ္တုထုတ်လုပ်မှု အန္တရာယ်ရှိတဲ့ ဧရိယာတွေကို ကယားပြည်နယ် သတ္တုထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်က ဇွန်လ ၇ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။

မိုးရွာသွန်းမှုများရင် မြေကျွံ၊ မြေပြိမှုတွေ ဖြစ်နိုင်တဲ့အတွက် ကြိုတင်ကာကွယ်နိုင်ဖို့လို့ သတိပေးထားပါတယ်။

အန္တရာယ်ဧရိယာလို့ သတ်မှတ်တဲ့ နေရာတွေကတော့ မနှစ်က မြေပြိုခဲ့တဲ့ သတ္တုတွင်းအမှတ် 2 level နဲ့ ယူကော်ခိုလမ်းကြော၊ air compressor စက်ရုံအနီး၊ 2 level နဲ့ စတီးကြိုးစင်လမ်းတလျှောက်၊ ယူကော်ခိုရပ်ကွက်နဲ့ 2 level အကြား လူနေအိမ်၊ တဲ၊ ဆိုင်နဲ့ vein 9/4 ရူးပေါက်ကျွံကျတဲ့နေရာ ပေ ၁၅၀ ပတ်လည် လူနေအိမ်တွေ၊ နီးခီးကျောက်တောင်အထက်၊ ကမ္ဘာ့ယံကျောက်တောင်နဲ့ ရုရှားကုန်း အရှေ့နဲ့ အနောက်ဘက်က နေရာတွေ ဖြစ်ပါတယ်။

ယူကော်ခိုမှာနေထိုင်တဲ့ ဒေသခံတဦးကတော့ အဆိုပါ သတ်မှတ်နယ်မြေမှာ လူနေအိမ်ခြေ ၁၀၀၀ လောက်ရှိနေပြီး အများစုက တခြားဒေသတွေကနေ  အလုပ်လာလုပ်ကြ သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

မော်ချီးသတ္တုတွင်းဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မိုးကြီးပြီး မြေပြိုခဲ့တာကြောင့် လူ ၃၀ လောက် သေဆုံးခဲ့ပါတယ်။

မြေပြိုပြီးတဲ့နောက်  ဒေသခံတွေကို အလင်းတန်း ပြောင်းရွှေ့ကျေးရွာမှာ ရွှေ့ပြောင်းနေထိုင်ဖို့ တာဝန်ရှိသူတွေက နေရာချထားပေမယ့် စီးပွားရေး အခက်အခဲကြောင့် ဒေသခံတွေက မသွားချင်ကြပါဘူး။

ကယားပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က အဲဒီနေရာတွေဟာ  အန္တရာယ်ရှိနိုင်တဲ့နေရာတွေ ဖြစ်တယ်ဆိုတာ ပြောဆိုထားပြီးဖြစ်သလို ပြောင်းရွှေ့လာရင် နေထိုင်နိုင်ဖို့ အစိုးရဘက်က စီစဉ်ထားရှိတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

“ဘူမိဗေဒပညာရှင်ရဲ့ အစီရင်ခံစာနဲ့  ဥပဒေပညာရှင်တွေကနေပြီးတော့ ဒီလိုနေရင်တော့ ဒုက္ခရောက်တော့မယ်ပေါ့နော်။ သူကလည်း မိုးသိပ်ကောင်းလို့ရှိရင် မြေနည်းနည်းအိအိနေတာလေးတွေလည်း ကြားရတယ်ဗျ။ အဲဒီတော့ ဖြစ်လာမှ ကျနော်တို့ဘက်ကလည်း အစိုးရဖြစ်ပြီးတော့ မိဘနေရာကနေတာလေ၊ အဲဒီတော့ ဖြစ်လာတဲ့အခါ ကျနော်တို့ဘက်ကလည်း ဘယ်လို အကူအညီပေးရမလဲဆိုတာကိုလည်း ကြိုတင်စဉ်းစားပြီးတော့ ဆောင်ရွက်နေပါတယ်။” လို့ ပြောပါတယ်။

လတ်တလောမှာ ပြောင်းလာသူတွေအတွက် မြေယာဖော်ထုတ်တာ အကွက်ပေါင်း ၂၀၀ မှာ ငါးပုံလေးပုံခန့် ဖော်ထုတ်ပြီးနေပြီလို့ပြောပါတယ်။

ဆယ်စုနှစ်ငါးခုခန့် ခဲလုပ်ငန်း လုပ်ကိုင်စား သောက်လာကြသူတွေအဖို့ အသားကျပြီး နေရာကိုစွန့်ခွာဖို့ ခက်ခဲလာကြတာလို့ သူက ပြောပါတယ်။

“အနေလည်းကြာလာတဲ့အခါကျတော့ အဲဒီပေါ်ကနေပြီးတော့မှ ရုတ်တရက်သွားဖို့ပြုဖို့ တွေမှာ သူတို့မှာလည်း အခက်အခဲရှိမှာပေါ့။ အဲဒီတော့ အဲဒါကြောင့်လည်းပဲ အလုပ်လုပ်ကွက်နဲ့ နီးတဲ့နေရာလေးမှာ နေပြီးတော့ သေကာမှသေဆိုတဲ့ စိတ်မျိုးလည်း ရှိချင်ရှိမှာပေါ့နော်၊ လော လောဆယ်လေးမှာတော့ ဒီနေရာလေးမှာပဲ ခင်တွယ်၊ မှီတွယ်နေတဲ့ သဘောလေးရှိပါတယ်။ ကျနော်တို့ကလည်း ဥပဒေအရေတော့ သူတို့ကို ပြောပြထားတာပေါ့။” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013