DVB Logo
Home
မြန်မာသတင်း
ကဗျာဘွဲ့မှူး ငွေကျပ်သိန်းသောင်းချီ ပြန်မပေးသည့်ကိစ္စ အနုပညာရှင်များ ရှင်းလင်း
DVB
·
June 8, 2016
ကဗျာဘွဲ့မှူး ငွေကျပ်သိန်းသောင်းချီ ပြန်မပေးသည့်ကိစ္စ အနုပညာရှင်များ ရှင်းလင်း
1 / 2
Donate to DVB

အဆိုတော် ကဗျာဘွဲ့မှူးက ဂီတအနုပညာရှင်တွေထံကနေ စီးပွားရေးလုပ်မယ်ဆိုကာ ငွေ ကျပ် သိန်းပေါင်းများစွာရယူပြီး ပြန်မပေးတဲ့အပေါ် နစ်နာတဲ့ အနုပညာရှင်တွေက ရှင်းလင်းခဲ့ပါ တယ်။

ဇွန် ၈ ရက် ရန်ကုန် Orchid Hotel မှာ သတင်းစာရှင်းလင်းခဲ့ကြပြီး နစ်နာခဲ့ရတဲ့ အဆို တော် မေခလာ၊ ဆုန်သင်းပါရ်၊ အံ့မော်ဦးတို့က နစ်နာတဲ့အကြောင်းအရင်းတွေကို ပြောဆိုခဲ့ ပါတယ်။

အနုပညာရှင်နဲ့ စီးပွားရေးသမားတွေဆီက ခန့်မှန်းချေ ငွေကျပ် သိန်း ၁ သောင်းကျော် ပါသွားတယ်လို့လည်း အဆိုတော်မေခလာက ပြောပါတယ်။

“တစုကို ၂၀၀၊ တချို့လည်း ပြောပါတယ်၊ တစုကို ၅၀၀ ဒီလိုနဲ့ အားလုံးကို သူက ယူသွားခြင်းဖြစ်တယ်။ ကျမထင်တာကတော့ သူလိမ်ဖို့ ညာဖို့တော့ ဟုတ်မယ်မထင်ပါဘူး။ ဒီလိုလဲ လုပ်တတ်တဲ့ ကလေးလည်း မဟုတ်ပါဘူး။ ကျမရင်းနှီးခဲ့တဲ့တယောက်အနေနဲ့ ကျမသူထက် အသက်အများကြီး ကြီးပါတယ်။  ၀ါအရရော အနုပညာအရရော။ ဒီလိုလုပ်တတ်တဲ့ အတန်းစားထဲက မဟုတ်ဘူးဆိုတာတော့ ကျမသေချာပြောလို့ရတယ်။ တခုခု အမှားအယွင်း လေးကြောင့် သူဖြစ်သွားတယ်ဆိုတာလည်း ကျမယုံကြည်တယ်”လို့ အဆိုတော် မေခ လာက စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောပါတယ်။

ကဗျာဘွဲ့မှူးအနေနဲ့ သက်ဆိုင်တဲ့သူတွေကို ရှင်းပြပေးဖို့ အကြိမ်ကြိမ်အခါခါ တောင်းဆိုခဲ့ပေမယ့် တစုံတရာအကြောင်း ပြန်ကြားခြင်းမရှိဘူးလို့ သူက ပြောပါတယ်။

ဆက်သွယ်ရမယ့်ဖုန်းတွေကို ပိတ်ကာ  သက်ဆိုင်တဲ့သူတွေကလည်း လုပ်ချင်ရာလုပ်ဖို့  တုံ့ပြန်ခဲ့သလို တိမ်းရှောင်နေတယ်လို့လည်း ဆိုပါတယ်။

ဒါအပြင် ကဗျာဘွဲ့မှူး အမျိုးသားက သူနဲ့ ကဗျာဘွဲ့မှူး သက်ဆိုင်ခြင်းမရှိတော့သလို ကွဲသွားပါပြီဆိုပြီး သတင်းစာထဲမှာ ကြေညာခဲ့တယ်လို့ အဆိုတော် မေခလာက ပြောပါတယ်။

ဒီအတွက် ပြည်သူတွေ အထင်မလွဲစေဖို့ စာနယ်ဇင်းရှင်းလင်းပွဲလုပ်ဆောင်ပြီး အသိပေးရတာလို့ ဆိုပါတယ်။

“အခုကတော့ ကိုယ့်ပိုက်ဆံ ပါသွားတာထက်စာရင် ကိုယ်ယုံကြည်ရတဲ့ လူတယောက်က ကိုယ့်ယုံကြည်မှုကို အလွဲသုံးစားလုပ်တယ်လို့ ခံစားတာမျိုးက အဲဒီအတွက်ကို အရမ်း စိတ်မကောင်း ဖြစ်ပါတယ်။ တကယ်တော့ ကျမတို့ အားလုံးက ဒီလိုပိုက်ဆံတွေ အကုန်လုံးက စီးပွားရေးလုပ်ပြီးရတဲ့ ပိုက်ဆံတွေ မဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် သီချင်းဆိုရင်းရတဲ့ သန့်ရှင်းတဲ့ ပိုက်ဆံတွေဖြစ်ပါတယ်” လို့ အဆိုတော် ဆုန်သင်းပါရ်က ပြောပါတယ်။

၂ ဦး ၂ ဖက်နစ်နာမှာ စိုးတဲ့ အတွက် တစုံတရာ ပြောကြားခဲ့ခြင်းမရှိဘဲ ထိန်းထိန်း သိမ်းသိမ်း နေခဲ့သလို ကိုယ့်ငွေတွေကို ပြန်တောင်းရာမှာ ရှောင်ပုန်းတဲ့ အတွက်ကြောင့် ငွေပြန်ပေးဖို့ စာနယ်ဇင်းကနေတဆင့် ပြောတာလို့ သူက ပြောပါတယ်။

၁၉၉၆-၉၇ ဆိုကြမယ်ပျော်ကြမယ် နောက်ပိုင်းမှာ အတူသီချင်းဆို ခရီးသွားခဲ့ကြသလို အခြေအနေတခုကြောင့် မတွေ့ဖြစ်ခဲ့ပေမယ့် ဖေ့ဘွတ်ခ်ကနေတဆင် ပြန်ဆက်သွယ်မိတယ်လို့

ငွေကြေး နစ်နာဆုံးရှုံးနေတဲ့ အဆိုတော် အံ့မော်ဦးက ပြောပါတယ်။

ဒီနောက် ဖုန်းနဲ့ အဆက်အသွယ်လုပ်ပြီး စီးပွားရေးကိစ္စတွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်လို့ နောက်ပိုင်း အမျိုးသမီးနဲ့ တိုင်ပင်ကာ စီးပွားရေးတွေကို လုပ်ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ကဗျာဘွဲ့မှူးရဲ့မောင် အာဗြဲရဲ့ အမျိုးသမီး မိုးနှင်းသက်ဆီကလည်း သိန်း ၂၅၀၀ ပါသွားတယ်လို့ စာနယ်ဇင်း ရှင်းလင်းတဲ့ သူတဦးက ပြောပါတယ်။

ဒါအပြင် လိဒ်ဂီတာတီးတဲ့ ဦးချစ်စမ်းမောင်ဆီက သိန်း ၅၀၀  ပါသွားသလို သူနဲ့ ရင်းနှီးတဲ့သူတွေကိုလည်း အာမခံပြီး ငွေတွေယူပေးလိုက်တဲ့ အတွက် ဦးချစ်စမ်းမောင်က  အနေခက်နေတယ်လို့လည်း အဆိုတော် မေခလာက ပြောပါတယ်။

ထုတ်ပြန်တဲ့ စာရင်းတွေအရ  မေခလာ သိန်း ၃၀၀၊ ဆုန်သင်းပါရ် သိန်း ၁၃၀၀၊ အယ်လ်ဆိုင်းဇီ ၈၅ သိန်း၊ ဘိုဖြူ  သိန်း ၁၀၀၊ ကော်နီ သိန်း ၁၀၀၊ စင်ဒီ သိန်း ၃၀၀၊ အံ့မော်ဦးသိန်း ၁၁၀၀၊ ခရစ္စတိုဖာ သိန်း ၅၀၀၊ နော်နိုဗယ်လင်းချစ် ဒီဖြိုး၏ ဇနီး သိန်း ၈၅၀ ပါသွားသလို တခြား စီးပွားရေးသမားတွေဆီကလည်း ငွေကြေးတွေ ပါဝင်သွားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013