DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ထမ်ဟင် ဒုက္ခသည်စခန်းကို သွားရောက်ရန်ရှိ
DVB
·
June 8, 2016
ဒေါ်အောင်ဆန်းစုကြည် ထမ်ဟင် ဒုက္ခသည်စခန်းကို  သွားရောက်ရန်ရှိ
Donate to DVB

ဇွန်လကုန်ပိုင်းမှာ ထိုင်းနိုင်ငံကိုသွားရောက်ဖို့ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာဒုက္ခသည်စခန်းတွေထဲက ရပ်ခ်ျဘူရီခရိုင်က ထမ်ဟင် စခန်းကို သွားရောက်ဖို့ရှိနေပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်နဲ့ အဖွဲ့က ထိုင်းနိုင်ငံ တာဝန်ရှိ သူတွေနဲ့အတူ ဇွန်လ ၇ ရက်နေ့က ထမ်ဟင် မြန်မာဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၅ ရက်နေ့ကျရင် လာနိုင်ဖွယ်ရှိတယ်လို့ ပြောဆိုခဲ့ကြောင်း စခန်းတာဝန်ရှိသူတဦးဖြစ်တဲ့ စောထိုကီက ပြောပါတယ်။

“သူတို့က စခန်းကို လာရောက်လေ့လာတယ်။ စခန်းကော်မတီတွေနဲ့တွေ့ဆုံပြီး လက်ရှိစခန်းရဲ့ အခြေအနေတွေကိုမေးမြန်းတယ်ပေါ့။ နောက်ပြီး စခန်းတွင်းက နေရာတွေကို သွားရောက်ကြည့်ရှုကြတယ်။ နောက်သူတို့ ပြောတာက ၂၅ ရက်နေ့ကျရင် နိုင်ငံတော်အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည် လာနိုင်တယ်ပြောတယ်။ ၁၇ ရက်နေ့ကျရင် အတိအကျ ပြန်လည်အတည်ပြုပေးမယ်လို့ ပြောတယ်။”

ထမ်ဟင်ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၁ ထောင်ကျော်ရှိပြီး ဒုက္ခသည်ဦးရေ ၇ ထောင်ကျော် ခိုလှုံနေပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို မေးမြန်းရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အတွင်း သွားမယ့် ဒုက္ခသည်စခန်းကို ရွေးချယ်နေဆဲပဲလို့ သံအမတ်ကြီး ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

“ဒုက္ခသည်စခန်းကတော့ ရွေးနေတုန်းပဲ ရှိသေးတယ်။ အခုထက်ထိတော့ အစီစဉ်က အတိတကျ မရှိသေးဘူး။ အစီစဉ်က နိုင်ငံ နှစ်ဖက်ညှိနေတုန်းပဲရှိသေးတယ်။”

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလကုန်ပိုင်းမှာ  မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၂၃ ရက်၊ ၂၄ ရက်နဲ့  ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ခုနှစ်တုန်းကလည်း ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပြီး နယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းကိုလည်း ရောက်ခဲ့ဖူးပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာဒုက္ခသည် ၁ သိန်းခွဲကျော် ခိုလှုံနေထိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013