DVB Logo
Home
မြန်မာသတင်း
စနဲမြို့တွင် ကျောင်းသူနှစ်ဦး ဆိုင်ကယ်တိုက်ခံရ၊ ၁ ဦးသေဆုံး
DVB
·
June 8, 2016
စနဲမြို့တွင် ကျောင်းသူနှစ်ဦး ဆိုင်ကယ်တိုက်ခံရ၊ ၁ ဦးသေဆုံး
1 / 2
Donate to DVB

စနဲမြို့မှာ ကျောင်းဆင်းလာတဲ့ ကျောင်းသူနှစ်ဦးကို ဆိုင်ကယ်တစီးက ၀င်တိုက်လို့ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦးက ကျောက်ဖြူဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်  စနဲမြို့၊ ထိန်တွေရပ်ကွက်မှာ ဇွန် ၇ ရက်နေ့က ကျောင်းသူနှစ်ဦး တစ်ဖက်လမ်းကို ဖြတ်ကူးစဉ်မှာ အရှိန်ပြင်းပြင်းမောင်းနှင်လာတဲ့ ဆိုင်ကယ်က ၀င်တိုက်ခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စနဲမြို့ ရဲအုပ်ဝင်းလွင်က "အဲ့ဒီဆိုင်ကယ်သမားက မအီမြို့မှာ အလုပ်လုပ်တာပါ။ ဆိုင်ကယ်သမားက အမြန် မောင်းလာတယ်။ ကျောင်သားတွေကလည်း ကျောင်းဆင်းချိန်ဖြစ်တယ်ပေါ့လေ။ ၁၂း၃၀ လောက်မှာ ရှိမယ်။ ကလေးနှစ်ယောက်က ကားလမ်းကိုဖြတ်အကူးမှာဆိုင်ကယ် သမားက၀င်တိုက်လိုက်တာပါ။ အဲ့ဒီနေရာ ကလည်းကျောက်ဖြူ-ရန်ကုန် လမ်းမကြီးဖြစ်နေတယ်။ မောင်းလာတဲ့ အရှိန်ကလည်း အရမ်းပြင်းပါတယ်။ လမ်းကလည်းကောင်းတယ်။ အရှိန်ကို လုံးဝထိန်းမရလိုက်တော့ဘူး သဘောပေါ့လေ။ ဆေးရုံရောက်လို့ ၅ မိနစ် အကြာမှာ တယောက်ဆုံးပါတယ်။ အခြားကလေးတယောက်ကတော့ ဒဏ်ရာတွေပြင်းထန်တယ်။ ဆေးကုသမှုခံယူနေပါတယ်” လို့ ပြောပါတယ်။

ဆိုင်ကယ်ဝင်တိုက်လို့ သေဆုံးသွားသူမှာ ၆ နှစ်အရွယ် မဆောင်းမြတ်သဇင်ဌေး ဖြစ်ပြီး ဒဏ်ရာရတဲ့ ကျောင်းသူက ၇ နှစ်အရွယ် မဆန်းဝတီလှိုင်ဖြစ်ပါတယ်။

ဆိုင်ကယ်သမား ဦးကျော်ဝင်းကို အမှုဖွင့် အရေးယူထားတယ်လို့ ရဲအုပ်က ပြောပါတယ်။

13407190_286820361657422_2755837065303649329_n"ဆိုင်ကယ်မောင်းလာတဲ့သူ ကိုတော့ ကျနော်သေချာစစ်ပါတယ်။ အရက်သောက်ထားတာတော့မတွေ့ရဘူး။ အလုပ်ကိစ္စတစ်ခုနဲ့အလော တကြီးမောင်းလာတာလို့ ပြောပါတယ်။ ဆိုင်ကယ်နောက်မှာ တစ်ယောက်ပါတယ်။ သူမှာတော့ ဘယ်ဘက်ဒူးနဲ့ ဘယ်ဘက်လက်တွေမှာ နည်နည်းဒဏ်ရာရသွားပါတယ်။ အဲ့ဒီအမှုကို ကျနော်ကိုယ်တိုင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၊ ၃၀၄က နဲ့ တရား လိုပြုပြီးတော့ အမှုဖွင့်ထားပါတယ်” လို့ ပြောပါတယ်။

သတင်း - ၀ဏ္ဏခွာညို၊ ဓာတ်ပုံ - စိုးမိုးကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013