DVB Logo
Home
မြန်မာသတင်း
ပါတီကထုတ်ပယ်ခံရသူများအား ပြန်လည်မရွေးချယ်ရန် အဖွဲ့ချုပ်ညွန်ကြား
DVB
·
June 7, 2016
ပါတီကထုတ်ပယ်ခံရသူများအား ပြန်လည်မရွေးချယ်ရန် အဖွဲ့ချုပ်ညွန်ကြား
Donate to DVB

ပါတီကနေ နှုတ်ထွက်သွားသူ၊ ထုတ်ပယ်ခံရသူနဲ့  ပါတီစည်းမျဉ်းစည်းကမ်းအရ အရေးယူခံရသူတွေကို လစ်လပ်နေတဲ့ ပါတီဝင်တွေရဲ့နေရာအတွက် ပြန်လည်အင်အားဖြည်တင်းရာမှာ မရွေးချယ်ဖို့   အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ဒါမှမဟုတ် အခြားပါတီအဖွဲ့ အစည်းတခုခုကို ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူတွေနဲ့ သူတို့အတွက် ရွေးကောက်ပွဲမဲဆွယ်ရာမှာ ပါဝင်ခဲ့သူတွေ၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေအရ ဖွဲ့စည်းထားတဲ့ အသင်းတွေမှာ အလုပ်မှုဆောင်အဖြစ် ပါဝင်နေသူတွေကိုလည်း ပြန်လည်ရွေးချယ်ခြင်းမပြုဖို့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့  ညွန်ကြားချက်မှာ ဖော်ပြထားပါတယ်။

အန်အယ်ဒီပါတီထဲမှာ  လွှတ်တော်နဲ့ အုပ်ချုပ်ရေးတာဝန်တွေ ထမ်းဆောင်နေရသူတွေ ပါတီနဲ့ကင်းကွာနေသူတွေ၊ ပါတီကနေ ထုတ်ပယ်ထား သူတွေ၊ စည်းကမ်းအရ အရေးယူခံရသူတွေ။ နုတ်ထွက်သူတွေရှိနေတဲ့အတွက် အဖွဲ့ချုပ်လုပ်ငန်းတွေလုပ်ဆောင်ဖို့ အခက်အခဲရှိတဲ့အတွက် လစ်လပ် နေရာတွေကို ၃ လအတွင်း အင်အား ပြန်လည် ဖြည့်တင်းဖို့ ဆောင်ရွက်နေတာပါ။

ဒီလိုရွေးချယ်ရာမှာ  ပြည်နယ်နဲ့တိုင်းဒေသကြီးအလုပ်အမှုဆောင်ဟာ ပါတီဝင်သက်တမ်း ၅ နှစ်ရှိရမယ်လို့ သတ်မှတ်ထားပြီး ခရိုင်အလုပ်အမှုဆောင်အတွက်ကတော့ သက်တမ်း ၃နှစ်၊  မြို့နယ်အလုပ်အမှုဆောင်အတွက် ၂ နှစ်၊ ရပ်ကျေးအလုပ်အမှု ဆောင်အတွက် ၁ နှစ် အဖွဲ့ဝင်သက်တမ်း တဆက်တစ်စပ်တည်း ရှိသူတွေဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်  ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ရမယ်လို့လည်း ဆိုပါတယ်။
အလုပ်အမှုဆောင်အဆင့်ဆင့်ရွေးချယ်တာကို ယခုမေလ ၁၅ ရက်မှ သြဂုတ် ၁၄ ရက်ထိ နောက်ဆုံးထား ဆောင်ရွက်မှာဖြစ်ပြီး ရွေးချယ်တင်မြှောက်တာတွေနဲ့ပတ်သက်လို့ မကျေနပ်ပါက ကန့်ကွက်ချက်ကို ရွေးချယ်တင်မြှာက်တဲ့နေ့မှကစ ရက်သတ္တပတ်အတွင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဆီကို တင်ပြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013