DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် တနေ့တည်း ယာဉ်မတော်တဆမှု နှစ်ခုဖြစ်၊ ၁ ဦးသေ ၃ ဦးဒဏ်ရာရ
DVB
·
June 7, 2016
မြောက်ဦးတွင် တနေ့တည်း ယာဉ်မတော်တဆမှု နှစ်ခုဖြစ်၊ ၁ ဦးသေ ၃ ဦးဒဏ်ရာရ
1 / 3
Donate to DVB

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဒီနေ့ တနေ့တည်း ယာဉ်မတော်တဆမှု  ၂ ခုဖြစ်ပွားခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မြောက်ဦးမြို့ တိမ်ညိုစံပြ ကျေးရွားနဲ့ အိုးထိမ်းကျေးရွာ အကြားမှာ ဒီနေ့မနက် ၈ နာရီကျော်က ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့တာကြောင့် ခရီးသည် ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့ မြောက်ဦးမြို့ ယာဉ်ထိန်းတပ်ခွဲမှူး ထွန်းနောင်အောင်က ပြောပါတယ်။

"ဟိုက်ဂျက်က မြောက်ဦးကနေ ကျောက်တော်ကိုသွားပါတယ်။ ဟိုဘက်ကကားဖြစ်တဲ့ ဆက်ဆိအနက်ရောင်ကားက ကျောက်တော်ကနေ မြောက်ဦးကိုလာပါတယ်။ လာတဲ့အခါမှာ မြောက်ဦးကနေ ကျောက်တော်သွားတဲ့ ဟိုက်ဂျက်အဖြူက လမ်းမှားပြီတော့ ဆဆီကားရဲ့လမ်း ဘယ်ဘက် လမ်းကျောကို ၀င်ပြီးတော့တိုက်လိုက်တာပါ။ ဟိုက်ဂျက်ကားရဲ့ ယာဉ်မောင်းတစ်ဦးနှင့် ရှေ့မှာထိုင်ပြီး လိုက်ပါလာတဲ့ ခရီးသည်နှစ်ဦး ဒဏ်ရာရရှိသွား တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဟိုက်ဂျက်ကား ဦးခေါင်းပိုင်း ကြွေမွသွားပြီး ကားအင်ဂျင်ကွဲအက်သွားကြောင်း၊ ကားနောက်မှာလိုက်ပါလာတဲ့ ခရီးသည် ၅ ဦးကတော့ တစုံတရာထိခိုက်ဒဏ်ရာရသူမရှိဘူးလို့  ယာဉ်ထိန်းရဲကဆက်လက်ပြောပါတယ်။

ဆက်ဆိအနက်ရောင်ကားပေါ်မှာပါတဲ့ သူနှစ်ယောက်ကတော့ ဆီယာတိုင်ရှေ့က လေအိတ်နှစ်ခုပွင့်သွားပြီးတဲ့နောက် အကာအကွယ်ရလိုက်လို့ တစုံတရာ ထိခိုက်ဒဏ်ရာရခြင်း မရှိဘူးလို့သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားတဲ့ လူနာသုံးဦးကိုတော့ မြောက်ဦးဆေးရုံးမှာကုသနေပြီး ယာဉ်မောင်းနှစ်ဦးလုံးကို အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ယာဉ်ထိန်းရဲ့ ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့မနက် ၁၁ နာရီခွဲလောက်ကလည်း မြောက်ဦးမြို့ ကျောက်ရိပ်ကေရပ်ကွက်မှာ အမျိုးသမီးတဦး ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး သေဆုံးသွားတယ်လို့ သိရ ပါတယ်။

အဲ့ဒီအမျိုးသမီးဟာ ဆိုင်ကယ်နောက်က စီးလာရာမှ ထီးကိုဖွင့်လိုက်ရာ အရှိန်လွန်ပြီး ပြုက်ကျခဲ့တာလို့ မြောက်ဦးရဲစခန်း ဒုရဲအုပ်ထွန်းဦးခိုင်က ဒီဗွီဘီကိုေုပာပါတယ်။ အဲဒီအမျိုးသမီးကို မြောက်ဦးဆေးရုံမှာ ပို့ဆောင် ကုသခဲ့ပေမယ့် မွန်လွဲ ၁၂ နာရီခွဲလောက် မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သတင်း - ၀ဏ္ဏခွာညို၊

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013