DVB Logo
Home
မြန်မာသတင်း
လူငယ်မူဝါဒ ပေါ်ထွက်ရေး ဘူးသီးတောင်တွင် တကိုယ်တော် ဆန္ဒပြ
DVB
·
June 7, 2016
လူငယ်မူဝါဒ ပေါ်ထွက်ရေး ဘူးသီးတောင်တွင် တကိုယ်တော် ဆန္ဒပြ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်မှာ အစိုးရရဲ့ လူငယ်မူဝါဒတစ်ခု ပေါ်ထွက်လာဖို့ လူငယ်တဦး ဒီနေ့ တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းက ခန္ဓာကိုယ်မှာ စာတမ်းချိတ်ဆွဲကာ တောင်းဆိုချက်တွေကို ကြွေးကြော်ပြီး မြို့တွင်းလှည့်လည်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသူ ကိုမင်းသိမ်းဇံက “အဓိက ကျနော် ဒီနေ့ဆန္ဒပြရတဲ့ ရည်ရွယ်ချက်က ပြည်ထောင်စုမြန်မာနိုင်ငံမှာ လူငယ်မူဝါဒတစ်ခု၊ (Youth Policy) တခု၊ ပေါ်ထွက်လာဖို့အတွက် အစိုးရက ဖော်ဆောင်ရေးဆွဲလာဖို့အတွက် အဲ့ဒီရည်ရွယ်ချက်နဲ့ ဆန္ဒပြရခြင်းပဲ။ ဘယ်သူ့ကို ကိုယ်စားပြုလဲဆိုတော့ ဒီရခိုင်ပြည်နယ်မှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေအားလုံးရယ်၊ ပြီးတော့ ပြည်ထောင်စုမြန်မာနိုင်ငံတ၀ှမ်းလုံးမှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေ အားလုံးအတွက် ကျနော် ရည်ရွယ်ပြီး Youth Policy ဖြစ်ပေါ်လာဖို့ ဆန္ဒပြရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံမှာ လူငယ်တွေ ပါဝင်လေ့လာ ဆွေးနွေးခွင့် ရရှိစေဖို့ကိုလည်း တောင်းဆိုတယ်လို့ ဆန္ဒပြသူ ကိုမင်းသိမ်းဇံက ပြောပါတယ်။

“တခြားသော နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ဆောက်တဲ့နေရာမှာ တကယ့်တကယ် အရေးပါတဲ့ အခန်းကဏ္ဍတွေက ဝင်ရောက်လာမယ့် လူငယ်တွေဟာ ဒီ နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံမှာ ဝင်ပြီးတော့ လေ့လာခွင့်၊ ဆွေးနွေးခွင့် မရလိုက်လို့ရှိရင် ကျနော်တို့ လူငယ်တွေ အနာဂတ်မှာ တည်ဆောက်မယ့် ဖယ်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ လူငယ်တွေရင်ထဲက ဖြစ်ချင်တဲ့ဆန္ဒတွေဟာ ၂၁ ရာစု ပင်လုံညီလာခံမှာ ပါမှာမဟုတ်ဘူးဆိုတာ ယုံကြည်တယ်။ ဒါကြောင့် ဒီ ဇွန်လမှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ လူငယ်ကိုယ်စားလှယ်တွေကို ဆုံးဖြတ်ခွင့်မရရင်တောင်မှ လေ့လာခွင့် ဆွေးနွေးခွင့်ကို ပြုသင့်တယ်လို့ ကျနော်ကမြင်တယ်။ ဒါကို ပြည်ထောင်စုအစိုးရကိုလည်း အလေးအနက်ထားပြီးတော့ တောင်းဆိုပါတယ်။ တိုက်တွန်းပါတယ်။”

ခွင်ြ့ပုချက်နဲ့ တကိုယ်တော်ဆန္ဒထုတ်ဖော်တာဖြစ်ပြီး ပြည်ထောင်စုအစိုးရက လူငယ်ဆိုင်ရာ မူဝါဒတခုချမှတ်ပေးဖို့၊ ပြည်ထောင်စုလူငယ်ညီလာခံကျင်းပပေးဖို့၊ ပြည်ပရောက် မြန်မာလူငယ်တွေရဲ့ ဘဝအနာဂတ် လုံခြုံစိတ်ချရစေဖို့၊ ငြိမ်းချမ်းရေးညီလာခံ၊ ဒုတိယပင်လုံညီလာခံ စတဲ့ညီလာခံတွေမှာ လူငယ်တွေပါဝင်ခွင့်ပေးဖို့၊ တိုက်ပွဲဖြစ်နေတဲ့နေရာတွေက လူငယ်တွေ ကိုယ့်နေရာမှာကိုယ် ပညာသင်ကြားခွင့် ရရှိစေဖို့ စတဲ့အချက်တွေပါဝင်တဲ့ အချက် ၆ ခုကို ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ကို တောင်းဆိုခဲ့ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကိုအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013