DVB Logo
Home
မြန်မာသတင်း
ဒလမြို့တွင် သောက်သုံးရေ အခက်အခဲဖြစ်နေဆဲ
DVB
·
June 6, 2016
ဒလမြို့တွင် သောက်သုံးရေ အခက်အခဲဖြစ်နေဆဲ
Donate to DVB

မိုးတွင်းရောက်လာပေမယ့်  မိုးရေကို သောက်သုံးရေအနေနဲ့ အသုံးပြုလို့ မရသေးတာကြောင့် ဒလမြို့နယ်မှာ သောက်သုံးရေ ဆက်လက်ဖြန့်ဝေ လှူဒါန်းနေရပါတယ်။

ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်က စပြီး မြန်မာနိုင်ငံအတွင်းကို မုတ်သုန်မိုး ဝင်လာပေမယ့်  ဒလမြို့နယ်မှာတော့ မိုးရေကို သောက်သုံးရေအဖြစ် အသုံးပြုလို့ မရသေးပါဘူး။

ဒလမြို့နယ်မှာ မိုးရွာနေပေမယ့် အသုံးပြုဖို့ လုံလောက်တဲ့ မိုးရေမရတာ၊ ရေသိုလှောင်ဖို့ ရေပုံး၊ ရေလှောင်ကန် မလုံလောက်တာ၊ သောက်သုံးရေကန်တွေက ရေဟာ သောက်ရေအနေနဲ့ အသုံးပြုလို့ မရဘဲ နောက်ကျိနေတာ စတာတွေကြောင့် ရေဆက်လက်လိုအပ်နေတာပါ။

အဲဒါကြောင့် ရှင်သန်ရေးကူညီမှုအသင်းကနေ ရေဘောက်ဆာကားကြီးနဲ့ သောက်သုံးရေတွေကို ဆက်လက်ဖြန့်ဝေပေးနေရတယ်လို့ သိရပါတယ်။

ရှင်သန်ရေးကူညီမှုအသင်းအနေနဲ့ ဇွန်လ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေက ဒလမြို့နယ်  ကျန်စစ်သားရပ်ကွက်၊ ညောင်ကုန်းရပ်ကွက်တွေမှာ ရေဘောက်ဆာကားတွေနဲ့  လိုက်လံဖြန့်ဝေပေးခဲ့ပါတယ်။

ဒါ့အပြင် ရေရှည်စီမံကိန်းအနေနဲ့ သောက်သုံးရေကန်တွေ ပြန်လည်တူးဖော်တာ၊ အသစ်ထပ်မံ တူးဖော်တာတွေလည်း လုပ်ပေးနေပါတယ်။

ရှင်သန်ရေးကူညီမှုအသင်းအနေနဲ့ သောက်သုံးရေ အခက်အခဲကို နှစ်စဉ်ကြုံတွေ့နေရတဲ့ ဒလမြို့နယ်အတွက် ၂၀၁၅ ခုနှစ်ကတည်းက စတင်လှူဒါန်းပေးနေတာပါ။

ဒါ့အပြင် မြန်မာတနိုင်ငံလုံးက သောက်သုံးရေ အခက်အခဲရှိတဲ့ ဒေသတွေကိုလည်း လိုက်လံ ရေလှူဒါန်းပေးခဲ့ပါတယ်။

ရှင်သန်ရေးကူညီမှုအသင်းဟာ ပြီးခဲ့တဲ့မေလက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် လက်မှတ်ရေးထိုး ဂုဏ်ပြုထားတဲ့ လူမှုကူညီရေးအသင်းလည်း ဖြစ်ပါတယ်။

ဒလမြို့ ရေရှားပါးမှုနဲ့ ပတ်သက်ပြီး အခြား အန်ဂျီအို အဖွဲ့အစည်းတွေကလည်း ရေရရှိရေးအတွက် ထောက်ပံ့ကူညီပေးမှုတွေ ရှိသလို တခြား စေတနာရှင် လူမှုရေးအဖွဲ့တွေကလည်း သောက်သုံးရေ ထောက်ပံ့ကူညီပေးမှုတွေလည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013