DVB Logo
Home
မြန်မာသတင်း
ကလေး ၆၀ ကျော် ပျောက်ဆုံးဟု ဖော်ပြမှု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ငြင်းဆို
DVB
·
June 6, 2016
ကလေး ၆၀ ကျော် ပျောက်ဆုံးဟု ဖော်ပြမှု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ငြင်းဆို
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆ နှစ်စကနေ မေလကုန်အထိ ကလေးပေါင်း ၆၀ ကျော် ပျောက်ဆုံးနေတယ်ဆိုပြီး သတင်းစာတစောင်ရဲ့ ဖော်ပြမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ငြင်းဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလကနေ မေလကုန်အထိ ငါးလအတွင်း ကလေးငယ်ပေါင်း ၆၀ ကျော် ပျောက်ဆုံးနေတယ်လို့ ပုဂ္ဂလိက သတင်းစာတစောင်မှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားခြင်း မရှိသလို ကလေးငယ် ၆၀ ကျော်ထိ ပျောက်ဆုံးတာ မရှိခဲ့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်က ပြောပါတယ်။

“အားလုံး တတိုင်းလုံးဆိုရင်တော့ အမှု ၄၀ လောက်ရှိတယ်။ အမှု ၄၀ မှာ အားလုံး ၂၇ မှု ပြန်ရပြီ။ အဲတော့ ၁၃ မှုကတော့ စိစစ်ဆဲပဲ ရှိသေးတယ်။ အများအားဖြင့်တော့ နွေရာသီ ကျောင်းပိတ်ရက်ပဲ ဖြစ်လို့လား၊ ဒါမှမဟုတ် သူငယ်ချင်း အပေါင်းအသင်းပဲ များလို့လား၊ အလည်အပတ် လွန်တာတွေ နည်းနည်းများတယ်။ တ၀က်လောက်က လည်ပတ်တာပေါ့နော်။ ဆယ်နှစ်အောက်ဆို ၆ ယောက်ရယ်၊ ဆယ်နှစ်နဲ့ ဆယ့်နှစ်နှစ်ဆိုရင် ၅ ယောက်ရယ်၊ ၁၁ ယောက် ဆိုတော့ တ၀က်ကျော်ကျော်လောက်က အလည်အပတ်သွားတာ များတယ်လို့ မြင်ရပါတယ်။”

ခုလို ကလေးငယ်တွေ ပျောက်ဆုံးနေတဲ့ သတင်းတွေဟာလည်း ဖေ့စ်ဘွတ်ခ် လူမှုစာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

ခုလိုသတင်းတွေကြောင့် ကလေးမိဘတွေ အနေနဲ့လည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ဒါကြောင့် ကျောင်းချိန်တွေအတွင်း ကလေးငယ် ပျောက်ဆုံးတာတွေ၊ မတော်တဆဖြစ်တာတွေ မဖြစ်စေဖို့ ကလေးမိဘတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ပုဇွန်တောင်မြို့နယ် အမှတ် ၈ အခြေခံပညာမူလတန်းကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်ရည်ရည်ဆွေကလည်း ပြောပါတယ်။

“ကလေးပျောက်သွားရင်၊ နောက် ဒီမှာ ကားတွေက ဥဒဟို သွားနေတာ။ ယာဉ်တိုက်မှုလည်း ဖြစ်မှာကြောက်တော့ ကလေးတွေကို သူတို့အိမ်က လာကြိုကို ကြိုရမယ်။ လာကြိုတဲ့ပုံစံက ဂိတ်က တပေါက်စာလေးပဲ ဖွင့်ထားတယ်။ ဖွင့်ထားတဲ့နေရာမှာ ဂျူတီသမားက စောင့်နေမယ်ပေါ့။”

ကျောင်းသားမိဘတဦးဖြစ်တဲ့ ဒေါ်ဝေမာနွယ်ကလည်း “အရင်တုန်းကတော့ မကြိုမပို့ဘူး။ အခုတော့ ပျောက်မှာစိုးလို့ ကြို၊ပို့လုပ်ပေးတယ်။ အိမ်နားက ကလေးတွေလည်း ပျောက်မှာစိုးတော့ ပြောပြတာပေါ့နော်။ အမေတွေလာကြိုမှသွား ဆိုပြီးတော့ပေါ့” လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလကနေ မေလကုန်အထိ ရန်ကုန်တိုင်းအတွင်းမှာ ကလေးငယ်ပျောက်ဆုံးမှု လေးဆယ်ကျော်သာရှိပြီး ဆယ်နှစ်အောက် ကလေးငယ် ၁၁ မှု၊  ဆယ်နှစ်နဲ့ ဆယ်နှစ်နှစ်ကြား ကလေးငယ် ၁၂ မှု ရှိပါတယ်။

ပျောက်ဆုံးပြီး ပြန်တွေ့တဲ့ကလေးတွေကို ပြန်လည်စိစစ်ကြည့်ရာမှာတော့ အလည်လွန်တဲ့ ကလေးငယ်တွေ များတာ တွေ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်က ပြောပါတယ်။

သတင်း - ခိုင်ပန်းနု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကလေး ၆၀ ကျော် ပျောက်ဆုံးဟု ဖော်ပြမှု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ငြင်းဆို