DVB Logo
Home
မြန်မာသတင်း
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ပြည်မြို့တွင် အိမ်ခြေ ၄၀ ကျော် ရေနစ်မြုပ် (သတင်းဓာတ်ပုံ)
DVB
·
June 6, 2016
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ပြည်မြို့တွင် အိမ်ခြေ ၄၀ ကျော် ရေနစ်မြုပ် (သတင်းဓာတ်ပုံ)
1 / 8
Donate to DVB

ဇွန် ၅ ရက်၊ ၆ ရက်တွေက မိုးဆက်တိုက်ရွာသွန်းတာကြောင့် ပဲခူးတိုင်း၊ ပြည်မြို့က လမ်းမတော်လမ်း၊ လမ်းရှည်လမ်း၊ ဗိုလ်ချုပ်လမ်း အပါအ၀င် ရပ်ကွက်တွေထဲက လမ်းတွေပါ ရေလွှမ်းမိုးခဲ့လို့ အိမ် ၄၀ ကျော် ရေနစ်မြုပ်ခဲ့ပါတယ်။

ရေနစ်မြုပ်နေရာမှာ ပါဝင်တဲ့ အောင်သုခရပ်ကွက်နေ ဒေါ်ကြည်ကြည်ဝင်းက "အရင်တုန်းက တခါမှ ဒီလိုမဖြစ်ဘူး။ မိုးတိတ်တာနဲ့ ရေမရှိတော့ဘူး။ အခုက မိုးတပေါက်ရွာ တပေါက်ရှိနေတယ်။ ရေတွေကလည်း ပုပ်ဆော်နံနေတယ်။ ကလေးမီးဖွားပြီးလို့ ဆေးရုံက ဆင်းလာတာ။ အခု ဒုက္ခရောက်နေရတယ်။ အဲဒါကြောင့် ပိတ်ထားတဲ့ဟာတွေ ပြန်ဖွင့်ပေးပါလို့။ အရင်က ဒီလိုမှမဟုတ်ဘဲ။ မိုးရွာပြီးတာနဲ့ ရေက ပြန်ဆင်းသွားတာ" လို့ ပြောပါတယ်။

စည်ကြီးဆွဲရပ်တောင်ပိုင်းက အဆောက်အဦကြီးတွေ ဆောက်လုပ်နေလို့ အရင်ကရှိပြီးသားမြောင်းတွေ ပိတ်သွားပြီး အိမ် ၃၀ ကျော်က ရေမြောင်းမရှိလို့ အခုလို အိမ်တွေ ရေမြုပ်တာဖြစ်တဲ့အတွက် ဒေသခံတွေက ရေမြောင်းလုပ်ပေးစေချင်တယ်လို့ ဆိုပါတယ်။

"အိမ်မှာက အသက်ကြီးတဲ့သူကလည်းရှိတော့ အရမ်းဒုက္ခရောက်နေပါတယ်။ အခုက မိုးဦးပဲရှိသေးတာ။ နောက်ပိုင်းဆိုရင် မလွယ်ဘူး။ အရင်တုန်းက ဒီလိုမဖြစ်ဘူး။ ရေမြောင်းရှိတော့ မြောင်းကနေ စီးထွက်သွားတာ။ အခုက ရေမြောင်းမရှိတော့လို့ ရေက ထွက်စရာမရှိဘဲ အခုလို ရေနစ်နေတာပါ" လို့ အောင်သစ္စာလမ်းမှာ နေထိုင်တဲ့ မမေစုခိုင်က ပြောပါတယ်။

မြို့ထဲရပ်ကွက်တွေကတော့ မိုးတိတ်ပြီး ခဏအကြာမှာ ရေတွေကျသွားခဲ့ပေမယ့် နိမ့်တဲ့ရပ်ကွက်တွေနဲ့ မြောင်းမရှိတဲ့ ရပ်ကွက်တွေကတော့ ရေမြုပ်နေတာ ၂ ရက်၊ ၃ ရက် ရှိနေပါပြီ။

အခုလိုတွေ ဖြစ်နေရတာဟာ စည်ပင်သာယာမှာ သန့်ရှင်းရေးဝန်ထမ်း အားနည်းတာကြောင့် ဖြစ်တယ်လို့ ပြည်မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးအေးချိုက     ဆိုပါတယ်။

"အခုဖြစ်နေတာကလည်း စည်ပင်သာယာမှာ သန့်ရှင်းရေးဝန်ထမ်း အားနည်းနေလို့ပါ။ အခုလည်း အိမ် ၃၀ လောက် မြုပ်တဲ့နေရာက အရင်က ကန်တော်ဦး သုသာန်နေရာ ဖြစ်တယ်။ အခု အဆောက်အဦတွေ၊ ဌာနဆိုင်ရာတွေ ရောက်လာတော့ ရေမြောင်းပျောက်သွားတာဖြစ်မယ်။ အဲဒီတော့ အဲဒိနေရာတွေ ရေမမြုပ်ဖို့ကတော့ ကျနော်တို့ ကွင်းဆင်းကြည့်ရပါမယ်။"

ပြီးခဲ့တဲ့လက တမြို့လုံးက ရေမြောင်းတွေကို ဖော်ခဲ့ပေမယ့် ကိုယ့်စရိတ်နဲ့ကိုယ် ဖော်ရတဲ့အတွက် တချို့အိမ်တွေကတော့ မြောင်းတွေ မဖော်ဖြစ်ခဲ့ပါဘူး။

အဲဒီ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အခုတနှစ်ဝန်းကျင်အတွင်း အဆောက်အဦကြီးတွေ ဆောက်လုပ်ခဲ့တာကြောင့် မြောင်းတွေပိတ်သွားပြီး ရေထွက်ပေါက်မရှိတော့ဘဲ အခုလို အိမ်တွေ ရေနစ်မြုပ်နေတာဖြစ်တယ်လို့လည်း ပြည်မြို့ စည်ပင်သာယာအဖွဲ့က ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013