DVB Logo
Home
မြန်မာသတင်း
သားရဲတိရစ္တာန်များ ခိုးသတ်သည့်ကိစ္စ ကြပ်မတ်ထိန်းသိမ်းရန် သမ္မတပြော
DVB
·
June 5, 2016
သားရဲတိရစ္တာန်များ ခိုးသတ်သည့်ကိစ္စ ကြပ်မတ်ထိန်းသိမ်းရန် သမ္မတပြော
Donate to DVB

သမ္မတ ဦးထင်ကျော်က နေပြည်တော်မှာ ဒီနေ့လုပ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခန်းအနားမှာ သားရဲတိရစ္တာန်တွေကို ခိုးပြီး သတ်တဲ့ကိစ္စမျိုးတွေကို ကြပ်မတ်ထိန်းသိမ်း လုပ်ဆောင်ကြဖို့ အဓိက မှာကြားခဲ့ပါတယ်။

ရန်ကုန်နဲ့အနီးနားဒေသတွေမှာပင်လျင် ဆင်သတ်ပြီး အစွယ်ရောင်းစားတာမျိုးတွေ ရှိနေတာမို့ ဒါမျိုးတွေမဖြစ်အောင် ကြပ်မတ်လုပ်ဆောင်ကြဖို့ သမ္မတက အထူးပြုပြောတာလို့ အခမ်းအနားတက်ခဲ့တဲ့  ပြည်သူ့လွှတ်တော်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောပါတယ်။

“ဒီတခေါက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ရဲ့ အဓိကအကြောင်းအရာက သားရဲတိရစ္တာန်တွေကို ခိုးပြီးတော့ တင်ပို့တာ အဲ့ဒါကို အဓိကထားတာပါ။ ဒီဟာကို ထိန်းသိမ်းကာကွယ်ဖို့အတွက် ဒီနှစ်ရည်မှန်းချက်အနေနဲ့ ထားတာပါ။ အဲ့ဒါကိုပဲ ဇောင်းပေးပြီး ပြောသွားတာပါ။”

ဒါ့အပြင် သမ္မတက အာရှမှောင်ခို ဈေးကွက်မှာ ဆင်စွယ်တစ်ကီလိုဟာ ဒေါ်လာနှစ်ထောင့်နှစ်ရာလောက်ပေါက်ပြီး ကြံ့ချိုတစ်ကီလိုကို ဒေါ်လာ ခြောက်သောင်းလောက် ပေါက်နေလို့  ရွှေ၊ ပလက်တီနမ်တို့ထက် များစွာ ဈေးကြီးနေတာကို တွေ့ရတယ်လို့ ဆိုါပတယ်။

တောရိုင်းတိရစ္ဆာန်နှင့် အပင်များ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာ သုံးစွဲနေတဲ့ ငွေကြေးပမာဏဟာ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀ ရှိပြီး မူးယစ်ဆေးဝါး၊ လက်နက်နဲ့ လူကုန်ကူးမှု စတဲ့ လုပ်ငန်းတွေပြီးရင် ကမ္ဘာ့စတုတ္ထမြောက် အကြီးမားဆုံး တရားမဝင်ကုန်သွယ်မှု လုပ်ငန်းဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ သမ္မတသက်တမ်းမှာ ပထမဆုံး အခမ်းအနားတက်မိန့်ခွန်းပြောတဲ့ နေ့မှာပဲ သူထိုင်ဖို့ခုံကို ရှေ့မှာ သီးခြားချထားတာနဲ့ပတ်သက်ပြီး နောင် ဒီလိုမလုပ်ဘဲ တခြားသူတွေနဲ့ တတန်းထဲထိုင်ဖို့ပဲ စီစဉ်ပါလို့ သမ္မတက အဖွင့်စကားမှာ ပြောခဲ့ပါသေးတယ်။

ဒီနှစ် ဇွန် ၅ ရက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်က တို့ကမ္ဘာမြေဂေဟစနစ်ထိန်းသိမ်းဖို့ တောရိုင်းတိရစ္တာန်နဲ့ သဘာဝအပင်တွေ တရားမ၀င်ကုန်သွယ်မှုကို ဆန့်ကျင်တိုက်ဖျက်စို့ ဖြစ်ပါတယ်။

ပြည်တွင်းမှာ ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ် မတ်လအတွင်း တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ တရားမဝင် ရောင်းဝယ်မှု ၁၈၉ မှု ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်လို့ အစိုးရသတင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013