DVB Logo
Home
မြန်မာသတင်း
အာဇာနည်ဗိမာန်တွင် အမိုးတခုခု ယာယီလုပ်ပေးရန် ပြည်သူ့အသံဖော်ပြ
DVB
·
June 5, 2016
အာဇာနည်ဗိမာန်တွင် အမိုးတခုခု ယာယီလုပ်ပေးရန် ပြည်သူ့အသံဖော်ပြ
Donate to DVB

အာဇာနည်နေ့ကျရင် အာဇာနည်ဗိမာန်မှာ  ယာယီအမိုးတခုခု လုပ်ပေးဖို့ ကောင်းတယ်လို့ ဒီနေ့ထုတ်ကြေးမုံသတင်းစာရဲ့ ပြည်သူ့သဘောထားစင်မြင့်ကဏ္ဍမှာ ဖော်ပြထားပါတယ်။

အာဇာနည်နေ့ကို ၀န်ထမ်းတာဝန်နဲ့ နှစ် ၂၀ လောက် တက်ခဲ့ဖူးတဲ့သူ တင်မောင်အေး ဆိုသူ ရေးထားတဲ့ စာထဲမှာ “အာဇာနည်ဗိမာန်အုတ်ဂူများရှိရာ အဆောက်အအုံကိုတက်ဖို့ ကားပေါ်က ဆင်းကတည်းက မိုးရွာနေရင် အဆင်မပြေလှတော့ပါဘူး။ တစ်ခါ ကျောက်ပြားပေါ်ခြေ ချော်မသွားအောင်ကိုလည်း ဂရုစိုက်လမ်းလျှောက်ကြရပါတယ်။ ထိုင်ကန်တော့ကြတဲ့ အာဇာနည်မိသားစုဝင်များ (အခုဆို အားလုံး အဘိုးကြီး အဘွားကြီးတွေဖြစ်နေကြ ပါပြီ) ဆိုလည်း ရေရှိရင်လည်း ရေစပ်စပ်ထဲပဲ ထိုင်ကြရတော့တယ်။ ယူနီဖောင်းတွေနဲ့ တာဝန်ကျတဲ့ အရာရှိကြီး၊ ငယ်များလည်း မတင့်မတယ် ထီးတွေကိုင်ထားကြရတယ်။ ဓာတ်ပုံသမား၊ ရုပ်သံသမားတွေလည်း ထီးမိုးရိုက်ကြရ၊ ဘယ်သူမှ အဆင်မပြေပါဘူး” လို့ ရေးထားပါတယ်။

တခါ ဒီနှစ်အခမ်းအနားမှာ ပေါ့ပါးသပ်ရပ်မိုးရေကာပေးမယ့် အမိုးတစ်ခုခု ယာယီဆောက်ပေးထားမယ်ဆိုရင်တော့ အာဇာနည်မိသားစုများရော၊ သတင်းသမားများရော၊ တာဝန်အရလာရောက်ကြသူများ၊ သံတမန်များကအစ လာရောက်ဂါရဝပြုသူအားလုံး အဆင်ပြေကြပါလိမ့်မယ်လို့ သူက အကြံပြုရေးထားပါတယ်။

အာဇာနည်ဗိမာန်မှာ အဲ့ဒီလို ယာယီအမိုးတခုခု လုပ်ပေးကြည့်လို့ အောင်မြင်ရင် ရွှေတိဂုံဘုရားနဲ့ ဗိုလ်တထောင်ဘုရားတို့မှာလည်း အလားတူ လုပ်ဆောင်ပေးဖို့ သူက ထောက်ပြပါတယ်။

ဒါမှ ရေစိုရွှဲနေတဲ့ ဘုရားရင်ပြင်ပေါ် ချော်လဲပြီး တင်ပဆုံရိုးကျိုးတဲ့အဖြစ်တွေ ကင်းဝေးမယ်လို့ စာရေးသူက အကြံပေးထားပါတယ်။

အာဇာနည်နေ့ဟာ ရန်ကုန်မှာ မိုးဖြိုင်ဖြိုင်ရွာတဲ့လ ဇူလိုင်လအတွင်းဖြစ်တာမို့ အဲ့ဒီနေ့ဆို များသောအားဖြင့် မိုးရွာလေ့ရှိပြီး မိုးရေစိုရွှဲနေတဲ့ ဗိမာန်ရင်ပြင်ဟာ အလေးပြုဖို့ လာကြသူတွေအတွက် အန္တရာယ်ရှိနေတာကို ထောက်ပြရေးသားထားတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013