DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီ အရည်သွေး မှန်ကန်ရေး စစ်ဆေးရေးမှူးများ လိုအပ်
DVB
·
June 5, 2016
စက်သုံးဆီ အရည်သွေး မှန်ကန်ရေး စစ်ဆေးရေးမှူးများ လိုအပ်
1 / 4
Donate to DVB

ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ စက်သုံးဆီအရည်အသွေး အပါအ၀င် အချိန် အတွယ် ပြည့်ဝမှုအပေါ် မှတ်ကျောက်တင် စစ်ဆေးပေးနိုင်တဲ့ စစ်ဆေးရေးမှူးတွေ ပေါ်ထွက်လာဖို့ လိုအပ်နေတယ်လို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကော်မတီ ဥက္ကဋ္ဌက ပြောဆိုလိုက်တာပါ။

ရန်ကုန်မြို့မှာ စက်သုံးဆီ ရောင်းချခွင့်လုပ်ငန်းကို ရရှိထားတဲ့သူတွေက အရင် အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့၊ အခွင့်ထူးခံလူတန်းစားတွေက ရရှိထား တာပါ။

ဒါပေမယ့် ရောင်းချနေတဲ့ စက်သုံးဆီတွေရဲ့ အရည်အသွေးအပါအ၀င်၊ အချိန် အတွယ် ပြည့်ဝမှုအပေါ်မှာတော့ မှတ်ကျောက်တင် စစ်ဆေးပေးနိုင်ဖို့ အားနည်းနေတာ တွေ့ရတယ်လို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က ထောက်ပြ ပြောဆိုလိုက်တာပါ။

“ဒီစက်သုံးဆီတွေရဲ့ အလေးချိန် အချိန်အတွယ် မှန်ကန်ရေး၊ စက်သုံးဆီတွေနဲ့ ပတ်သက်လို့ အန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ရင် ရန်ကုန်မြို့မှာ စစ်ဆေးသူ ၆ ယောက်ရှိပါတယ်။ ဒီ ၆ ယောက်ကတော့ နာမည်ကတော့ ဘယ်သူပါ၊ ဒါ သူတို့တွေရဲ့ အရည်အချင်းတွေပါ။ သူတို့တွေဟာ ဒီဆိုင်တွေကို သွားပြီးတော့ အမြဲစစ်နေမှာ ဖြစ်ပါတယ်။ သူတို့စစ်ရင် ဆိုင်တွေက လက်ခံရမယ်။ ဒီလို ကြေညာ ပေးထားရမယ်။ ဒီလို ကြေညာပေးထားရင် ပြည်သူလူထုကလည်း သိပြီ။ တခုခုလိုရင် ဒီ စစ်ဆေးသူတွကို ကျနော်တို့ မေးတော့မယ်။ အဲ့ဒီလိုတွေ ကျနော်ကတော့ မြင် ချင်တယ်။”

လက်ရှိရောင်းချနေတဲ့ စက်သုံးဆီတွေက အရည်အသွေးနိမ့်တဲ့ စက်သုံးဆီတွေ ဖြစ်လို့ တန်ရာတန်ကြေးပေးပြီး ပြည့်ဝတဲ့ စက်သုံးဆီကို တင်သွင်း ဖြန့်ဖြူးပေးစေချင်တယ်လို့ ကိုယ်ပိုင်အငှားယာဉ်မောင်း ကိုသန်းထွန်းအောင်က ပြောပါတယ်။

“စက်သုံးဆီတွေက ဆီမသန့်တာ တွေလည်း ပါတာပေါ့။ တကယ်တမ်းကျတော့ နိုင်ငံခြားက ကွာလတီအဆင့်မီတဲ့ ဆီမျိုးကို သွင်းစေချင်တယ်။ ဘာလို့ဆိုတော့ ပိုက်ဆံ တန်ရာတန်ကြေး ပေးပြီးတော့ ဆီ ကျတော့ ကောင်းကောင်းမွန်မွန် မရဘူးဆိုရင်တော့ ပြည်သူလူထုက နစ်နာတာပေါ့။ နောက်တခုက ဆီဈေးတက်ဖို့ကျရင်တော့ အရမ်းမြန်တယ်။ ကျဖို့ကျရင်တော့ တော် တော်နဲ့ မကျနိုင်ဘူး။”

စွမ်းအင်ဝန်ကြီးဌာန ဆီလုပ်ငန်းပစ္စည်းများ တင်သွင်းသိုလှောင် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလက ရန်ကုန်မြို့ရှိ စက်သုံးဆီ ၂၃ ဆိုင်ကို စစ်ဆေးခဲ့တဲ့အနက်၊ ၂၁ ဆိုင် က သတ်မှတ် အရည်အချင်း ပြည့်ဝမှု မရှိခဲ့တာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013