DVB Logo
Home
မြန်မာသတင်း
၅ နှစ်အတွင်း ရန်ကုန်မြို့တော် စိမ်းလန်းစိုပြည်အောင် လုပ်မည်
DVB
·
June 4, 2016
၅ နှစ်အတွင်း ရန်ကုန်မြို့တော် စိမ်းလန်းစိုပြည်အောင် လုပ်မည်
Donate to DVB

ရန်ကုန်မြို့တော်ကြီးကို ၅ နှစ်တာအတွင်း နိုင်ငံကြီးတနိုင်ငံရဲ့ မြို့တော်ကြီး အင်္ဂါရပ်နဲ့အညီ စိမ်းလန်းစိုပြည်တဲ့ မြို့တော်ဖြစ်အောင် လုပ်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် အသစ်က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၁ ရက်နေ့စပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ၄ ဦးကို အစိုးရသစ်က တိုက်ရိုက်ခန့်အပ်ခဲ့ပါတယ်။

အဲဒီမှာအဖွဲ့ထဲမှာ ပါဝင်တဲ့ နာရေးကူညီမူအသင်းကို ဦးဆောင် ဆောင်ရွက်နေသူ စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်က ရန်ကုန်မြို့တော်ကို စိမ်းလန်းစိုပြည်တဲ့ မြို့တော်ဖြစ်အောင် ၅ နှစ်အတွင်း ဆောင်ရွက်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ရန်ကုန်မြို့ကို အကောင်းဆုံး သပ်ရပ်တဲ့၊ လှပတဲ့၊ သန့်ရှင်းတဲ့ စိမ်းလန်းတဲ့ပေါ့။ မြို့သူ၊ မြို့သားတွေ သွားတာ၊ လာတာ၊ နေတာ၊ ထိုင်တာ အားလုံးပေါ့။ ကျန်းမာရေးနဲ့လည်း ညီညွတ်အောင်၊ ပြီးတော့ သူတို့ရဲ့ စိတ်တွေလည်း ချမ်းသာအောင်၊ ကြည့်ရတဲ့ အခါမှာလည်း တကယ့် နိုင်ငံကြီးတနိုင်ငံရဲ့၊ မြို့တော်ကြီးရဲ့ အင်္ဂါရပ်နဲ့ ညီညွတ်အောင် အဲဒါတွေ ကျမတို့ လုပ်ပါမယ်။”

ရန်ကုန်မြို့မှာ အမှိုက်စွန့်ပစ်စနစ် စနစ်တကျမရှိတာ၊ မိုးတွင်းကာလရောက်ရင် ရေကြီးရေလျှံတာ၊  နှစ်စဉ်ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို အမှိုက်နဲ့ ရေစီးရေလာစနစ် ကောင်းမွန်စေဖို့ ရန်ကုန်နေ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။

ရန်ကုန်မြို့မှာ အမှိုက်နဲ့ ရေမြောင်းပိတ်ဆို့မှုအပြင် သစ်ပင်တွေ လျော့နည်းနေတာ၊ ပလက်ဖောင်းတွေပေါ်မှာ ဈေးတက်ရောင်းနေတာကြောင့် လူသွား လာရခက်ခဲပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ နေ့စဉ်လိုဖြစ်ပေါ်နေပါတယ်။

ဒါတွေကို စည်ပင်သာယာ ဝန်ထမ်း အဆက်ဆက်က ဖြေရှင်းနေပေမယ့်လည်း အောင်မြင်ခြင်းမရှိသေးပါဘူး။ ရန်ကုန်မြို့နေ လူတွေကိုယ်တိုင်ကလည်း စည်းကမ်းမဲ့ အမှိုက်ပစ်တာ၊ ကွမ်းတံတွေး ထွေးတာတွေကြောင့် မြို့တော်အလှကို ထိခိုက်နေပြီး၊ ကိုယ်တိုင်အသိစိတ်ဓာတ်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့လည်း လိုနေတယ်လို့ ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

“အားလုံးဟာ အပြောင်းအလဲကို လိုချင်ရင် မိမိကိုယ်တိုင်လည်း ပါဝင်ပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်ရမယ်။ မိမိကိုယ်တိုင်ပါဝင်ပြီး ဖန်တီးနိုင်ရမယ်။ အဲဒီ စိတ်ထား လူတိုင်းလူတိုင်း ရှိဖို့လိုတာပေါ့။”

ရန်ကုန်မြို့မှာ လူဦးရေ ၆ သန်းကျော် နေထိုင်နေတာကြောင့် မီဂါစီးတီးအဆင့် သတ်မှတ်ထားပေမယ့်လည်း မြို့ပြသယ်ယူပို့ဆောင်ရေးစနစ် မကောင်းမွန်တာ အမှိုက်၊ ရေစီးရေလာစနစ် မကောင်းမွန်သေးတာ၊ လျှပ်စစ်မီးမတည်ငြိမ်မှုကြောင့် လူသေဆုံးမှု နဲ့ ပစ္စည်းဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာတွေက ဦးစားပေးဆောင်ရွက်သင့်တဲ့ အချက်တွေ ဖြစ်တယ်လို့ ရန်ကုန်မြို့နေသူက သုံးသပ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013