DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်းရပ်တန့်ရေး မြစ်ကြီးနားတွင် ကန့်ကွက်ဆန္ဒပြ
DVB
·
June 4, 2016
မြစ်ဆုံစီမံကိန်းရပ်တန့်ရေး မြစ်ကြီးနားတွင် ကန့်ကွက်ဆန္ဒပြ
1 / 10
Donate to DVB

မြစ်ဆုံစီမံကိန်းရပ်တန့်ရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒေသခံတွေက တရုတ်သံအမတ်ကြီးကို ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ စီမံကိန်းအကောင်ထည်ဖော်နေတဲ့ CPI ကုမ္ပဏီ ကချင်ပြည်နယ်မှ လုံးဝထွက်ခွာရေး၊ မြစ်ဆုံရေကာတာ လုံးဝရပ်ဆိုင်းရေး စတဲ့ ပိုစတာတွေ ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အပါအ၀င် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်နဲ့အဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇွန် ၃ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ တရုတ်သံအမတ်ဘက်က ငြိမ်းချမ်းရေးကိစ္စ၊ မြစ်ဆုံစီမံကိန်းကိစ္စနဲ့ ဖားကန့်က စက်ယန္တယားတွေကိစ္စကို လာရောက်ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲမှာပါဝင်တဲ့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင် ကဒီဗွီဘီကို ပြောပါတယ်။

တရုတ်သံအမတ်က မြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်လိုကြောင်း ပြောဆိုခဲ့ပေမယ့် ကချင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကတော့ မြစ်ဆုံစီမံကိန်းဟာ ပြည်သူတွေရဲ့ ဆန္ဒသာ အဓိကဖြစ်တယ်လို့ ပြန်လည် ဖြေကြားခဲ့တယ်လို့လည်း ပြောပါတယ်။

စီမံကိန်းဟာ ဧရာဝတီမြစ်ရဲ့ ရေရှည်တည်တံ့မှု၊ ရေဝေရေလဲ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်စေမှု စတာတွေကြောင့် နိုင်ငံတ၀န်း ကန့်ကွက်ထုတ်ဖော်ခဲ့ကြပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲက တက်လာတဲ့ သမ္မတဟောင်း ဦးသိန်းစိန်က စီမံကိန်းကို ယာယီရပ်ဆိုင်းခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မနှစ်ရွေးကောက်ပွဲမတိုင်ခင် မြစ်ကြီးနားမြို့ဟောပြောပွဲမှာ  ရွေးကောက်ပွဲမှာ အနိုင်ရလို့ အစိုးရဖွဲ့နိုင်ရင် မြစ်ဆုံစီမံကိန်းကိစ္စအစိုးရနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ဘယ်လို သဘောတူထားလဲဆိုတာ ဖော်ထုတ်ချပြသွားမယ်လို့ ပြောကြားခဲ့ဖူး ပါတယ်။

ဓာတ်ပုံ - khon ja

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013