DVB Logo
Home
မြန်မာသတင်း
ကျောက်မျက်ရန်ပုံငွေကိစ္စ ပြစ်မှုထင်ရှားပါက သေဒဏ်ပေးနိုင်ဟု ဦးစိုးသိန်းစိန်ခေါ်
DVB
·
June 3, 2016
ကျောက်မျက်ရန်ပုံငွေကိစ္စ ပြစ်မှုထင်ရှားပါက သေဒဏ်ပေးနိုင်ဟု ဦးစိုးသိန်းစိန်ခေါ်
Donate to DVB

ကျောက်မျက်ရန်ပုံငွေ အလွဲသုံးစားလုပ်မှု ပြစ်မှုထင်ရှားပါက သူ့ကို သေဒဏ်ပေးနိုင်ကြောင်း ယခင်အစိုးရ ၀န်ကြီးဟောင်း ဦးစိုးသိန်းက ပြောကြားလိုက်ပါတယ်။

ဇွန်လ ၃ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီး မီဒီယာတွေရဲ့ မေးမြန်ချက်တွေကို ပြန်လည်ဖြေ ကြားခဲ့တာဖြစ်ပါတယ်။

“အကုန်လုံးလာစစ်နိုင်တယ်။ ဘယ်သူမဆို၊ ဦးမြင့်အောင် ရှင်းပြီးပြီပဲ။ ငါပိုက်ဆံယူတယ်ဆိုရင် ငါ့ကို သေဒဏ်ပေးလိုက်”လို့ ဦးစိုးသိန်းက ပြောဆိုခဲ့တာပါ။

မြန်မာ့ကျောက်မျက်ရတနာအသင်းချုပ် ရန်ပုံငွေ ဒေါ်လာသန်း ၈၀ ကျော်အလွဲသုံးစားမှု   မှာ  သမ္မတဟောင်း ဦးသိန်းစိန်နဲ့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းတို့  ပါဝင်ပတ်သက်တယ်လို့ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်ဝင်တချို့က ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံး သပ်ရေးကော်မရှင်ကို တိုင်ကြားထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က  “သမ္မတဟောင်း ဦးသိန်းစိန်နဲ့ သမ္မတရုံး ၀န်ကြီးဟောင်း ဦးစိုးသိန်းတို့က အလွဲသုံးစားလုပ်တာမရှိခဲ့ဘူး” လို့  မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ပါတီရဲ့ နိုင်ငံရေးပုံရိပ်ကို ထိခိုက်အောင် မမှန်မကန် ပြောဆိုရေးသားနေတဲ့ လူပုဂ္ဂိုလ်နဲ့ ဂျာနယ်တွေကို ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်အရ မြန်မာသံတော်ဆင့်ဂျာနယ်၊ massanger ဂျာနယ်နဲ့ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ အလုပ်အမှုဆောင် ဦးကျော်ကျော်ဦးတို့ကို ဥပဒေနဲ့အညီအရေးယူဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးကျော်ကျော်ဦးကလည်း မနေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ရန်ပုံငွေတွေ အလွဲသုံးစားလုပ်ခံရတဲ့ကိစ္စ မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းခဲ့ပြီး ဦးရွှေမန်းတာဝန်ယူတဲ့ကော်မရှင်ရဲ့ အစီအမံကို စောင့်ကြည့်သွားမယ်၊ ထိရောက်မှုမရှိရင် ဥပဒေကြောင်းအရ ဆက်လုပ်သွားမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013