DVB Logo
Home
မြန်မာသတင်း
ဂျပန်က မြန်မာအတွက် ကန်ဒေါ်လာ ၂၈ သန်းကျော် အကူအညီပေးအပ်
DVB
·
June 3, 2016
ဂျပန်က မြန်မာအတွက် ကန်ဒေါ်လာ ၂၈ သန်းကျော် အကူအညီပေးအပ်
Donate to DVB

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဆိုင်ရာ စီမံကိန်းတွေအတွက် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၂၈.၁၆ သန်းလောက် မြန်မာအစိုးရသစ်ကို အကူအညီထောက်ပံ့တွေ ပေးအပ်လိုက်တယ်လို့ ရန်ကုန်အခြေစိုက် ဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

အကူအညီပေးမယ့် အစီအစဉ်တွေထဲမှာ ဂျပန်နိုင်ငံမှာ သွားရောက်ပညာသင်နိုင်မယ့် ပညာသင်ဆုတွေပေးအပ်ရေး၊ ခွာနာလျှာနာရောဂါထိန်းချုပ်ရေး၊ သဘာဝဘေးအန္တရာယ်တွေ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ စက်ပစ္စည်းတွေဝယ်ယူရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အထောက်အပံ့ တွေပါဝင်ပါတယ်။

မြန်မာအစိုးရ ပြန်ကြားရေးကတော့ မြန်မာနိုင်ငံအစိုးရအတွက် ဂျပန် အစိုးရကပေးအပ်တဲ့ ယန်းငွေ ၃ ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာသုံးခုကို ဇွန်လ ၂ရက်နေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုးလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုစီမံချက် အကောင် အထည်ဖော်ဖို့ ယန်း ၉၄၅ သန်း အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ၊ ခွာနာလျှာနာရောဂါ ထိန်းချုပ်ရေးအတွက် ယန်း ၁၄၁၇ သန်း အကူ အညီပေးရေးဆိုင်ရာ စာချွန်လွှာနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပညာသင်ဆုပေးရေးအတွက် ယန်း ၅၉၄ သန်း အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ ၃ခုအတွက် စုစုပေါင်း အကူငွေ ဂျပန်ယန်း ၂ ဒသမ ၉၅၆ ဘီလီယံ ပေးအပ်မှာလို့ ဆိုပါတယ်။

နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးပွဲကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဝင်းနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက အမြဲတမ်းအတွင်းဝန်တွေနဲ့ ဂျပန်နိုင်ငံဘက်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး တာတီရှီဟီဂူချီကနဲ့ တာဝန်ရှိသူတွေ တက်ရောက် ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013