DVB Logo
Home
မြန်မာသတင်း
အမ်ပီတီသုံးစွဲသူများ ဇွန် ၆ ရက်နေ့မှစတင်၍ ဖေ့စ်ဘွတ်ခ် အခမဲ့သုံးနိုင်ပြီ
DVB
·
June 3, 2016
အမ်ပီတီသုံးစွဲသူများ ဇွန် ၆ ရက်နေ့မှစတင်၍ ဖေ့စ်ဘွတ်ခ် အခမဲ့သုံးနိုင်ပြီ
Donate to DVB

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) သုံးစွဲသူတွေ ဇွန် ၆ ရက်နေ့ စတင်ပြီး ဖေ့စ်ဘွတ်ခ် အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Free Basics နဲ့ Facebook Flex တို့ကို ဇွန် ၆ ရက်ကစတင်ပြီး အမ်ပီတီအသုံးပြုတဲ့ ပြည်သူတွေ အခမဲ့ အသုံးပြုနိုင်တယ်လို့ ပတ်ခ်ရွိုင်ရယ်ဟိုတယ်မှာ ဇွန် ၂ ရက်နေ့က စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ပြောကြားခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါ တယ်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအမ်ပီတီနှင့် ဖေ့စ်ဘွတ်ခ်တို့ ပူးပေါင်းပြီး သုံးစွဲသူတွေကို အခြေခံ အင်တာနက်ဝန်ဆောင်မှုတွေကတဆင့် အချင်းချင်းဆက်သွယ်ချိတ်ဆက်နိုင်ဖို့ အခမဲ့ ၀န်ဆောင်မှု ပေးမှာ ဖြစ်ပါတယ်။ ဝန်ဆောင်မှုပေးရာမှာလည်း အမ်ပီတီအသုံးပြုသူအားလုံး မပါဝင်ဘဲ ဆွေသဟာ အသုံးပြုသူတွေသာ Free Basics နဲ့ Facebook Flex တို့ကို အခမဲ့အသုံးပြုခွင့်ရမယ်လို့ ဆိုပါတယ်။

အမ်ပီတီရဲ့ အခမဲ့အသုံးပြုနိုင်တဲ့ အခြေခံအင်တာနက် ဝန်ဆောင်မှု ၂ ခု သုံးစွဲပုံမှာ Facebook Flex ကို အသုံး ပြုသူဟာ ပုံစံနှစ်မျိုးဖြစ်တဲ့ အခမဲ့ပုံစံနဲ့ ဒေတာအသုံးပြုပုံစံကို ကူးပြောင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခမဲ့ ပုံစံ အသုံးပြုနေစဉ် စာတွေ တင်နိုင်၊ ကွန်မန့်ပေးနိုင်၊ လိုက်ခ်ပြုလုပ်နိုင်တာတွေနဲ့ အခမဲ့စာရိုက်စကားပြောတွေကို ပြုလုပ်နိုင်ပေမယ့် လည်း ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ကြည့်ရှုလိုပါက ဒေါင်းလုပ်ဆွဲလိုပါက ဒေတာအသုံးပြုပုံစံကို ကူးပြောင်းအသုံးပြုရမှာ ဖြစ်ပါတယ်။

အလားတူ အမ်ပီတီအသုံးပြုသူတွေ အနေနဲ့ Free Basics ကိုလည်း အခမဲ့အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Free Basics ဝန်ဆောင်မှုတွင် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာတွေပါဝင်တဲ့ ဝန်ဆောင်မှု ၃၅ မျိုးကို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်တယ်လို့ ဇွန်လ ၂ ရက်နေ့က ပြုလုပ်တဲ့ မီဒီယာရှင်းလင်းပွဲတွင် MPT - KSGM Joint Operations ရဲ့ Chief Commercial Officer ဖြစ်သူ  မစ္စတာ ကိုအီချီ ကာဝါဆဲ က ပြောပါတယ်။

လူမှုကွန်ရက် ဖေ့ဘွတ်ခ် အခမဲ့အသုံးပြုသူတွေအနေနဲ့ အမ်ပီတီ ထည့်သွင်းထားတဲ့ Feature phone Android နဲ့ Iphone များမှ အခမဲ့ဖြစ်သော အခြေခံအက်ပလီကေးရှင်းကို ရယူသုံးစွဲနိုင်ပြီး Facebook Flex ကို မိုဘိုင်းအက်ပလီကေးရှင်းမှ တစ်ဆင့် သို့မဟုတ် www.facebook.com နဲ့ အခမဲ့အခြေခံဝက်ဘ်ဆိုက် www. freebasics.com တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

(ကိုးကား - MOI)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013