DVB Logo
Home
မြန်မာသတင်း
ဘောလုံးကန်နေစဉ် လူငယ် ၂ ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး
DVB
·
June 2, 2016
ဘောလုံးကန်နေစဉ် လူငယ် ၂ ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး
Donate to DVB

သာယာဝတီမြို့နယ် လှည်းလမ်းကူးကျေးရွာမှာ ဘောလုံးကွင်းအတွင်း ဘောလုံးကန်နေစဉ် လူငယ် ၂ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဇွန်လ ၂ ရက်နေ့က ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီမြို့နယ် အရှေ့ဘက် ၃ မိုင်ခန့်အကွာ လှည်းလမ်းကူးကျေးရွာမှာ ဇွန်လ ၁ ရက်နေ့ညနေ ၆ နာရီခွဲအချိန်မှာ လူငယ်တွေ ဘောလုံးကန်နေစဉ် မိုးကြိုးပစ်ခံရပြီး လူငယ် ၂ ဦး သေဆုံးခဲ့ပါတယ်။

အဆိုပါ မိုးကြိုးပစ်ခံရသူ အောင်စိုးမိုး (၂၂ နှစ်)နဲ့ နေလင်းအောင် (၂၁ နှစ်) တို့မှာ တရွာထဲနေ ညီကိုဝမ်းကွဲတွေဖြစ်ပြီး ဘောလုံးကန်နေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဘောလုံး ကန်နေကြသည့် ကျန်လူငယ်များမှ မိုးကြိုး ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။

သေဆုံးသူ ၂ ဦးကို ကျေးရွာအုပ်ချူပ်ရေးမှူးက သာယာဝတီမြို့မရဲစခန်းကို အကြောင်းကြားပြီး ရဲဆေးစာနဲ့ သာယာဝတီဆေးရုံသို့တင်ပို့ခဲ့တယ်လို့ သာယာဝတီမြို့မရဲစခန်း တာဝန်ရှိသူ တဦးက ပြောပါတယ်။ (သတင်း၊ ဓာတ်ပုံ - မေသွယ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013