DVB Logo
Home
မြန်မာသတင်း
အာဏာရှင်စနစ်က လွတ်မြောက်ပြီးနောက် မြန်မာကျပ်ငွေ အာရှထိပ်တန်း ငွေကြေးဖြစ်လာ
DVB
·
June 2, 2016
အာဏာရှင်စနစ်က လွတ်မြောက်ပြီးနောက် မြန်မာကျပ်ငွေ အာရှထိပ်တန်း ငွေကြေးဖြစ်လာ
Donate to DVB

ဆယ်စုနှစ်ပေါင်းများစွာ သီးခြားအထီးကျန်ရပ်တည်နေခဲ့တဲ့ မြန်မာကျပ်ငွေဟာ အခုနှစ် မှာတော့ အာရှထိပ်တန်းငွေကြေးဖြစ်လာခဲ့တယ်လို့ စင်ကာပူအခြေစိုက် ဘလွန်း ဘာ့ဂ်သတင်း တပုဒ်မှာ ဇွန်လ ၁ ရက်နေ့က ဖော်ပြပါတယ်။

ဒါဟာ ၁၉၉၀ ပြည့်နှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအနိုင်ရရှိမှုရဲ့ စေ့ဆော်မှုနဲ့ နှစ်စဉ်မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကနေ ၁၀ ရာခိုင်နှုန်းထက်မနည်း ပိုမို မြင့်တက်လာအောင် ၂၀၁၂ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့မှုကြောင့်လို့ ဆိုပါတယ်။

အသက် ၁၂ နှစ်သားအရွယ် ၁၉၇၉ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံကို မိသားစုနဲ့ အတူ ရွှေ့ပြောင်းသွားခဲ့တဲ့ အန်ဒရူးလီဟာ ပြီးခဲ့တဲ့လေးနှစ်ကတော့ General Electric အမည်နဲ့ ကုမ္ပဏီတခုလုပ်ဆောင်ဖို့ ပြန်လာခဲ့ပါပြီ။

သူက “ဒါဟာ စီးပွားရေးအဆောက်အအုံအတွက် ကောင်းတဲ့အလားအလာတခု အဖြစ် ဂုဏ်ပြုရမယ့်အရာပါ။ ကျနော်တို့အနေနဲ့ အစိုးရသစ်ကို အကောင်းမြင်စိတ်နဲ့ ရှုမြင်ရမှာပါ။ နိုင်ငံရဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးခိုင်မာဖို့အတွက် လုပ်ဆောင်ရမယ့်အရာတွေ အများကြီးရှိနေပါသေးတယ်”လို့ ပြောပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်ကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၁၆ ခုနှစ်မှာ အိမ် နီးချင်းနိုင်ငံတွေထက် ဖွံ့ဖြိုးတိုးတက်မှု ၈ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာခဲ့တယ်လို့ ဆိုပါ တယ်။

လာမယ့် ၂၀၁၇ ခုနှစ်မှာတော့ ၂၀၃၀ ပြည့်နှစ်အထိ စွမ်းအင်ကဏ္ဍ၊ ပို့ဆောင် ဆက်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ စီမံကိန်းတွေမှာ အမေရိကန်ဒေါ်လာ ဘီလျံ ၈၀ ထိ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်လာစေဖို့ ဆွဲဆောင်မှုတွေ ရှိနေတာပါ။

မြန်မာအစိုးရပိုင်သတင်းစာတွေမှာတော့ နိုင်ငံရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ပမာဏဟာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်မှာ အမေရိကန်ဒေါ် လာ ၁ ဒဿမ ၄၈ ဘီလျံကနေ ၉ ဒဿမ ၄၈ ဘီလျံထိ တိုးလာခဲ့တယ်လို့ ဖော်ပြခဲ့ကြ တာပါ။

လွန်ခဲ့တဲ့ ၃ နှစ်တည်းက မြန်မာနိုင်ငံကို ရင်းနှီးမြုပ်နှံဖို့ ၀င်ရောက်လာခဲ့တဲ့ Rising Dragon ကုမ္ပဏီမှ တာဝန်ခံ နီကိုလပ်စ်ငုယင်က “မြန်မာနိုင်ငံထဲကို နိုင်ငံတကာက စီးပွားရေး အရ ပိတ်ဆို့ဒဏ်ခတ်တာတွေ ရုပ်သိမ်းပြီးတာနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ အများကြီး ၀င်လာနိုင်ပါတယ်။ အဲဒီလိုပဲ မြန်မာကျပ်ငွေတန်ဖိုးဟာလည်း အားကောင်းလာပါလိမ့်မယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်ကတော့ ဗဟို ဘဏ်အနေနဲ့ လက်ရှိမှာ မြန်မာ့ငွေကြေးဈေးကွက်ကို တည်ငြိမ်တဲ့ ငွေကြေးဈေးကွက် တခုဖြစ်လာစေချင် တယ်လို့ ပြောခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013