DVB Logo
Home
မြန်မာသတင်း
လမ်းပေါ်နေ ကလေးများနှင့် ခိုကိုးရာမဲ့သူများ ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်မည်
DVB
·
June 2, 2016
လမ်းပေါ်နေ ကလေးများနှင့် ခိုကိုးရာမဲ့သူများ ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်မည်
Donate to DVB

လမ်းပေါ်နေကလေးတွေ၊ စောင့်ရှောက်သူမဲ့ မသန်စွမ်းတွေနဲ့ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေ ကာကွယ်စောင့်ရှောက်ရေး စီမံကိန်းကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စတင် အကောင်အထည်ဖော်သွားမယ်လို့ ပြောပါတယ်။

ဒီလို ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာဌာနတွေ အန်ဂျီအို၊ အိုင်အန်ဂျီအိုတွေနဲ့ ညှိနှိုင်းအစည်းအဝေးတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးတင်ဇော်မိုးက “လမ်းပေါ်နေကလေးတွေ၊ ခိုကိုးရာမဲ့ တောင်းရမ်းစားသောက်သူများ အလုပ်အကိုင် အခွင့်အလမ်းပေါ့နော်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မနေ့က ကျနော်တို့ လူမှုဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်းမှာ အစည်းအဝေးတရပ် ပြုလုပ်ခဲ့ပါတယ်။ ဒီစီမံချက်ကို ရန်ကုန်နဲ့ မန္တလေးမှာ လုပ်မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း ဒီလုပ်ငန်းစဉ်တွေလုပ်ဖို့ ကျနော်တို့ လူမှုဝန်ထမ်းဦးစီးဌာနက တင်ပြထားပါတယ်” လို့ ပြောပါတယ်။

ကာကွယ်စောင့်ရှောက်မှုတွေအနေနဲ့ ကျောင်းနေအရွယ်ကလေးဆိုရင် ကျောင်းနေနိုင်အောင်၊ ကျောင်းမနေချင်ရင် အသက်မွေးဝမ်းကျောင်း ပညာရပ်တခုခု သင်ကြားနိုင်အောင် စသည်ဖြင့် ကူညီပေးသွားမှာပါ။

လက်ရှိမှာတော့ လမ်းပေါ်နေကလေးတွေ၊ စောင့်ရှောက်သူမဲ့ မသန်စွမ်းတွေ၊ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေနဲ့ ပတ်သက်ပြီး ကူညီပေးဖို့ကတော့ တိကျတဲ့ အချက်အလက်တွေ မရှိသေးပါဘူး။

ကာကွယ်စောင့်ရှောက်မှုပေးရမယ့် အခြေအနေတွေဟာလည်း ကျေးလက်ထက် မြို့ပြမှာ ပိုမိုများပြားနေပြီး ဒီစီမံကိန်းကို ရေရှည်စီမံကိန်းတခု အနေနဲ့ပါ ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013